
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ပညာရေးမိသားစု၏ (ဒသမ)အကြိမ်မြောက် ဓမ္မစကြာနှင့် ပဋ္ဌာန်းဒေသနာတော်ရွတ်ဆို ပူဇော်ပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနားကို ၂၇.၈.၂၀၂၅ ရက်နေ့ နံနက် (၀၈း၀၀) နာရီအချိန်က လေးထပ်သာသနာ့ဗိမာန်တော်ကြီး၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား စတင်ဖွင့် လှစ်ခဲ့ပြီး ဂျုံးဂျုံးကျတောရကျောင်း ဆရာတော် မြို့နယ်သံဃနာယက ဥက္ကဋ္ဌ ဘဒ္ဒန္တကိတ္တိ ဝဏ္ဏထံမှ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးပြည်သိမ်း၊ မြို့နယ် ပညာရေးမှူး ဦးသန်းထွန်းဋ္ဌေးနှင့်ဧည့်ပရိသတ်အပေါင်းက ငါးပါးသီလခံယူဆောက်တည်ကြ သည်။ ထို့နောက် ဆရာတော်ကြီးမှ သြဝါဒကထာချီးမြှင့်၍ တာဝန်ရှိသူများက ဆရာတော် သံဃာတော်ကြီးများအား လှူဖွယ်ဝတ္ထုများနှင့် လေးထပ်သာသနာ့ဗိမာန်တော်ကြီးအတွက် အလှူငွေများ ဆက်ကပ်လှူဒါန်းသည်။
ဆက်လက်၍ ဆုပေးပွဲကိုကျင်းပရာ ဓမ္မစကြာ(အမွှန်း)၊ ပဋ္ဌာန်း (အမွှန်း)၊ ဓမ္မစကြာ (အဖွဲ့)၊ ပဋ္ဌာန်း(အဖွဲ့) တို့တွင် ဆုရရှိရသည့် ကျောင်းများအား ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ပဉ္စမနှင့် အထူးဆုများကို ဆရာတော်သံဃာတော်ကြီးများက အသီးသီးဂုဏ်ပြုဆုများ ချီးမြှင့်ပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ အခမ်းအနားအား ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
DOCA (မွန်)