သတင်းနှင့် လှုပ်ရှားမှုများ
ကန့်ဘလူမြို့နယ်စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ၂၀၂၃ ခုနှစ် ၊ ဩဂုတ်လ ၁၁ ရက် နံနက် ၁၁:၀၀ နာရီတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမတွင် စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ခဲ့ကြောင်း သိရသည်။

စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင် ခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းတင်၊ ဒု-ခရိုင်ဦးစီးမှူး ဒေါ်ခင်မြတ်မူနှင့် ဝန်ထမ်းများသည် ဩဂုတ်လ ၁၁ ရက်နေ့၊ နံနက် ၁၁း၃၀ အချိန်က စစ်ကိုင်းခရိုင်/ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းရုံးရှိ ဝန်ထမ်း(၃၂)ဦးအား ခရိုင်လျှပ်စစ်ရုံးအစည်းအဝေးခန်းမ၌ စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း သိကောင်းစရာများ အသိပညာပေး ဆွေးနွေး ဟောပြောခဲ့ပါသည်။

ကသာခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယခရိုင်ဦးစီးမှူး ဦးကြည်နိုင်ဦးနှင့် ဝန်ထမ်းများသည် ကသာခရိုင်စီမံခန့်ခွဲမှုကော်မတီ၏ ညွှန်ကြားချက်အရ ခရိုင်တွင်း ကုန်စည်စီးဆင်းမှု၊ ကုန်ဈေးနှုန်း မြင့်တက်မှု အခြေအနေများအား မြေပြင်အခြေအနေသိရှိနိုင်ရန်အတွက် ၂၀၂၃-ခုနှစ် ဩဂုတ်လ(၁၄) ရက်နေ့ နံနက်ပိုင်းတွင် ကသာမြို့ပေါ်ရှိ ကုန်စည်သယ်ယူပို့ဆောင်ရေး ကားဂိတ်များသို့ ကွင်းဆင်း မှတ်တမ်းရယူ ဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၂)ဦးသည် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ဩဂုတ်လ(၁၀)ရက်နေ့၊ နံနက် (၁၀း၃၀)နာရီအချိန်တွင် စစ်ကိုင်းမြို့ပေါ်ရှိ လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချသော “banner” Mini Mart ၊ “ကိုသူရ” ကုန်မျိုးစုံဖြန့်ချီရေးဆိုင် (၂)ဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

၂၀၂၃ခုနှစ် ၊ သြဂုတ်လ (၅) ရက်နေ့ ၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် မိတ္ထီလာခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ဝန်ထမ်းများသည် မိတ္ထီလာမြို့ ကန်တော်မင်္ဂလာခန်းမတွင် မိတ္ထီလာမြို့ မြို့မစည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ “စားသုံးသူကာကွယ်ရေး အကြောင်း သိကောင်းစရာများ” ခေါင်းစဥ်ဖြင့် အသိပညာပေးဟောပြော ဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ဌာနဆိုင်ရာများ၊ မိတ္ထီလာခရိုင်အတွင်းရှိ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ စုစုပေါင်း (၃၇၀) ဦး တက်ရောက်ခဲ့ပါသည်။
