သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
17 Aug 2023

    စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင် ခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းတင်၊   ဒု-ခရိုင်ဦးစီးမှူး ဒေါ်ခင်မြတ်မူနှင့် ဝန်ထမ်းများသည်  ဩဂုတ်လ ၁၁ ရက်နေ့၊ နံနက် ၁၁း၃၀ အချိန်က စစ်ကိုင်းခရိုင်/ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းရုံးရှိ    ဝန်ထမ်း(၃၂)ဦးအား ခရိုင်လျှပ်စစ်ရုံးအစည်းအဝေးခန်းမ၌  စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း သိကောင်းစရာများ  အသိပညာပေး ဆွေးနွေး ဟောပြောခဲ့ပါသည်။

17 Aug 2023

    ကသာခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယခရိုင်ဦးစီးမှူး ဦးကြည်နိုင်ဦးနှင့် ဝန်ထမ်းများသည် ကသာခရိုင်စီမံခန့်ခွဲမှုကော်မတီ၏ ညွှန်ကြားချက်အရ ခရိုင်တွင်း ကုန်စည်စီးဆင်းမှု၊ ကုန်ဈေးနှုန်း မြင့်တက်မှု အခြေအနေများအား မြေပြင်အခြေအနေသိရှိနိုင်ရန်အတွက် ၂၀၂၃-ခုနှစ် ဩဂုတ်လ(၁၄) ရက်နေ့ နံနက်ပိုင်းတွင် ကသာမြို့ပေါ်ရှိ ကုန်စည်သယ်ယူပို့ဆောင်ရေး ကားဂိတ်များသို့ ကွင်းဆင်း မှတ်တမ်းရယူ ဆောင်ရွက်ခဲ့ပါသည်။

17 Aug 2023

   စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၂)ဦးသည် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ဩဂုတ်လ(၁၀)ရက်နေ့၊ နံနက် (၁၀း၃၀)နာရီအချိန်တွင် စစ်ကိုင်းမြို့ပေါ်ရှိ လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချသော “banner” Mini Mart ၊ “ကိုသူရ” ကုန်မျိုးစုံဖြန့်ချီရေးဆိုင် (၂)ဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

17 Aug 2023

     ၂၀၂၃ခုနှစ် ၊ သြဂုတ်လ (၅) ရက်နေ့ ၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် မိတ္ထီလာခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ဝန်ထမ်းများသည် မိတ္ထီလာမြို့ ကန်တော်မင်္ဂလာခန်းမတွင် မိတ္ထီလာမြို့ မြို့မစည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍  “စားသုံးသူကာကွယ်ရေး အကြောင်း သိကောင်းစရာများ” ခေါင်းစဥ်ဖြင့် အသိပညာပေးဟောပြော ဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ဌာနဆိုင်ရာများ၊ မိတ္ထီလာခရိုင်အတွင်းရှိ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ စုစုပေါင်း (၃၇၀) ဦး တက်ရောက်ခဲ့ပါသည်။

17 Aug 2023

   စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ (၈-၈-၂၀၂၃) ရက်နေ့ ၊နံနက် (၀၉:၀၀) နာရီအချိန်တွင် မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ရတနာပုံတက္ကသိုလ်တွင်  စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ ကြောင်း သတင်းရရှိပါတယ်။

Pages