သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
16 Aug 2023

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ပုသိမ်ခရိုင်ဦးစီးမှူး၊ စာကြည့်တိုက်မှူး၊ စာကြည့်တိုက်တာဝန်ခံနှင့် ခရိုင်ဦးစီးမှူးရုံးရှိ ဝန်ထမ်းများသည် နေပြည်တော် (ရုံးချုပ်)၊ ရုံးအမှတ် (၅၂) တွင် ဩဂုတ်လ (၁၄) ရက်နေ့၊ မွန်းလွဲ (၁:၀၀) နာရီအချိန်တွင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်ဦးဆောင်သော Virtual Meeting စနစ်ဖြင့်ကျင်းပပြုလုပ်သည့် စာကြည့်တိုက်လုပ်ငန်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်ခဲ့ကြပါသည်။

16 Aug 2023

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မောင်တောမြို့နယ်တာဝန်ခံ ဦးအောင်ထွန်းမြ (ဒု-ဦးစီးမှူး) နှင့်ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့တို့ပါဝင်သောပူးပေါင်းအဖွဲ့ဖြင့် (၁၁-၈-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် မောင်တောမြို့၊ မြို့မအနောက်ရပ်ကွက်ရှိ အချိုရည်များလက်လီ/လက်ကားရောင်းချသည့် ကုန်စုံဆိုင်မျ

16 Aug 2023

   ဝန်ထမ်းများအနေဖြင့် ဌာန၏လုပ်ငန်းတာဝန်များကို ပိုမိုသိရှိသဘောပေါက်နားလည်ပြီး ဝန်ထမ်းစွမ်းဆောင်ရည်မြင့်မားကာ လုပ်ငန်းကျွမ်းကျင်မှုရှိစေရန်နှင့် အဆင့်လိုက် တစ်ဆင့်မြင့်ရာထူးတိုးများဖြေဆိုရာတွင် သင်ထောက်ကူဖြစ်စေရန်အတွက် စားသုံးသူရေးရာဦးစီးဌာန (ရုံးချုပ်) မှ Online ဖြင့် အပတ်စဉ်ပေးပို့လျက်ရှိသောမေးခွန်းလွှာများကို စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးတွင် ဝန်ထမ်းများအားလုံး စုပေါင်းဖြေဆိုခဲ့ကြသည်။

16 Aug 2023

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးအမှတ်(၅၂)၊ အစည်းအဝေးခန်းမ၌ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးဆောင်ကာ ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မားစေရေးနှင့် အသိပညာဗဟုသုတရရှိစေရေးအတွက် မိမိတို့ရုံးဌာနတွင်ထားရှိသည့် စာကြည့်တိုက်နှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တိုင်းဒေသကြီး/ပြည်နယ်များမှ စာကြည့်တိုက်တာဝန်ခံများတက်ရောက်ခဲ့ကြောင်းသိရသည်။

16 Aug 2023

        မကွေးမြို့နယ် ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း အသင်းသားစုံညီ နှစ်ပတ်လည် အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၆) ရက်နေ့၊ နံနက် (၉:၀၀) နာရီအချိန်တွင် မကွေးမြို့၊ ကုန်စည်ဒိုင်ခန်းမ၌ ကျင်းပခဲ့ရာ မကွေးတိုင်းဒေသကြီး တိုင်းအဆင့်ဌာနဆိုင်ရာ တာဝန် ရှိသူ (၄)ဦး၊ ဗဟိုအလုပ်အမှုဆောင်များနှင့် အဖွဲ့ဝင်များ စုစုပေါင်း(၈၅)ဦး တက်ရောက်ခဲ့ကြပါသည်။

Pages