
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်တာဝန်ခံရုံးမှ ဦးစီးမှူး ဦးအုန်းမြင့်ဦးဆောင်သော ဝန်ထမ်းများသည် မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်တာဝန်ခံတို့၏ လမ်းညွှန်မှုဖြင့် (၁၅.၈. ၂၀၂၅)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် သရက်-အောင်လံ တံတားလမ်းဘေး မြခဲတောင် ကျောင်းတိုက်အနီးရှိ "ရွှေကမ္ဘာ" ပဲကြော်လုပ်ငန်း အလုပ်ရုံသို့ သွားရောက်၍ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် လုပ်ငန်းသုံးဆီများ အမှန် တကယ်သုံးစွဲမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် လုပ်ငန်းသုံးဆီများ အမှန်တကယ်သုံးစွဲမှုူရှိကြောင်း စစ်ဆေး တွေ့ရှိရပြီး တစ်လလျှင် သုံးစွဲသည့် ကုန်ကြမ်း၊ ထွက်ရှိသည့် ကုန်ချောတို့ကို မေးမြန်းခဲ့ရာ အမှာစာ ပေါ်မူတည်၍ ကုန်ကြမ်း (ပဲကြီး+ကုလားပဲ)တင်းရေ အများဆုံး(၇၅၀)တင်းထိ ကြော်ခဲ့ရကြောင်း၊ ကုန်ကြမ်း (၁)တင်းလျှင် ဆီ (၃)ပိဿာခန့် အသုံးပြုရကြောင်း၊ ကုန်ကြမ်းဖြစ်သည့် ပဲကြီးနှင့် ကုလားပဲကို သီးနှံထွက်ရှိသည့် ရာသီတွင် ဝယ်ယူသိုလှောင်ထားရှိပြီး လိုအပ် သည့်အခါ သရက်မြို့နယ်အတွင်းရှိ ကုန်သည်များနှင့် အောင်လံ ကုန်စည်ဒိုင်သို့ ချိတ်ဆက်၍ ဝယ်ယူကြောင်း၊ ကုန်ကြမ်းဈေးမြင့်တက်ပါက ကုန်ချောဈေး လည်း အနည်းငယ်မြင့်တက်ရကြောင်း၊ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ(ဒုတိယပတ်)တွင် ကုန်ကြမ်းနေဖြင့် ပဲကြီး(၁)တင်းလျှင် ကျပ်(၉၅၀၀၀ မှ ၁၀၀၀၀၀)၊ ကုလားပဲ(၁)တင်းလျှင် ကျပ်(၇၈၀၀၀ မှ ၈၀၀၀၀)ဈေးနှုန်းဖြင့် ဝယ်ယူရကြောင်း၊ ကုန်ချော ပဲကြမ်းကြော် (၁)ပိဿာလျှင် ကျပ်(၉၅၀၀)၊ ကုလားပဲခွဲခြမ်းကြော် (၁)ပိဿာလျှင် ကျပ် (၈၈၀၀)ဈေးနှုန်းဖြင့် သရက်မြို့နယ်အတွင်းရှိ ကုန်စုံဆိုင်များနှင့် ရန်ကုန်မြို့သို့ တင်ပို့ရောင်းချလျက် ရှိပါကြောင်း လုပ်ငန်းရှင်၏ ပြောကြားချက်အရ သိရှိရပါသည်။
DOCA(မကွေး)