သတင်းနှင့် လှုပ်ရှားမှုများ
၂၀၂၃-ခုနှစ်၊ ဩဂုတ်လ (၄)ရက်နေ့၊ နံနက် (၀၈:၀၀)နာရီအချိန်တွင် မကွေးမြို့၊ ပြည်တော်သာရပ်ကွက်၊ ပြည်တော်သာစျေးအရှေ့တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မကွေးမြို့နယ်အတွင်း တန်ဖိုးသင့် အခြေခံစားသောက်ကုန်များအား ပြည်သူလူထုထံသို့ စျေးနှုန်း သက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိခဲ့ပါသည်။

တရုတ်နိုင်ငံ (GACC) သို့ SPS Protocol ပါ သတ်မှတ်ချက်များနှင့်အညီ မြန်မာ့ဆန်နှင့် ဆန်ကွဲတင်ပို့နိုင်ရေး အဆိုပြုလျှောက်ထားလာသည့် ကုမ္ပဏီများ၏ ဆန်စက်များနှင့် သိုလှောင်ရုံများကို ကွင်းဆင်းစစ်ဆေးခဲ့မှုအခြေအနေများနှင့်စပ်လျဉ်း၍ စိစစ်ရွေးချယ်ဆောင်ရွက်နိုင်ရေးအတွက် နည်း ပညာရပ်ဆိုင်ရာလုပ်ငန်းအဖွဲ့ (Technical Working Group) အစည်းအဝေးကို ၁၅-၈-၂၀၂၃ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးအမှတ်(၅၂) အစည်းအဝေးခန်းမ၌ Vi
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲများကို လစဉ်လျာထားချက်များ ပြည့်မီအောင်ဆောင်ရွက်လျက်ရှိရာ (၄.၈.၂၀၂၃)ရက်နေ့ နံနက်(၀၉:၀၀)နာရီတွင် မကွေးမြို့၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ၂၀၂၃ခုနှစ်၊ မိုးရာသီ စိုက်စရိတ်ချေးငွေလာရောက် ထုတ်ယူသော အလယ်ဘိုကျေးရွာအုပ်စု (အလယ်ဘို၊ အင်ပင်ကန်၊ လက်ပံရွာသစ်၊ ကံဆွယ်၊ ဖလံတောနှင့် သာကုန်းစမ်း) ကျေးရွာများမှ တောင်သူများအား စား

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း စီမံကိန်းဆောင်ရွက်နေသည့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ကြီးနီစံပြကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ (၅.၈.၂၀၂၃)ရက်နေ့ နံနက်(၀၉း၀၀)နာရီအချိန်တွင် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဩဂုတ်လ (၁၁) ရက်နေ့၊ နံနက် (၁၀ : ၃၀) နာရီတွင် ဒုတိုင်းဦးစီးမှူး ဦးထွန်းထွန်း၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဦးကျော်စိုးရီ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ဒေါ်ဖြူဖြူလတ်တို့သည် ဒေးဒရဲမြို့နယ်နှင့် ကျိုက်လတ်မြို့နယ်များရှိ ကုန်မျိုးစုံရောင်းချလျက်ရှိသော လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။
