သတင်းနှင့် လှုပ်ရှားမှုများ
ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးမောင်လှဝင်း (ဦးစီးအရာရှိ)သည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ၊ ကျန်းမာရေး ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့ ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် (၁၀-၈-၂၀၂၃) ရက်နေ့နံနက်(၁၀:၀၀) နာရီအချိန်တွင် စားသုံးသူကာကွယ်ရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး အတွက်စားသုံးရန်မသင့်သော အစားအသောက်များ၊ ဈေးကွက်အတွင်း ရောင်းချမှုရှိ/မရှိ၊ စစ်တွေ မြို့ပေါ် ရပ်ကွက်ဖြစ်သည့် မောလိပ်ရပ်ကွက်ရှိ စားသုံးကုန်မျို

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်ဦးစီးမှူး ဦးလှထွဋ်ဦးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၈-၈-၂၀၂၃)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြို့ပေါ်ရှိ စတိုးဆိုင်နှင့် မုန့်မျိုးစုံဆိုင်များတွင်ရောင်းချနေသော အချိုရည်ဘူးများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ပြည့်စုံခြင်းရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးဘောမ်ဇုန်း(ရုံးအုပ်)သည် ၁၀.၈.၂၀၂၃ ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်၌ ပြုလုပ်သော မူးယစ်ဆေးဝါးကင်းစင်ရေး သင်တန်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင်သည် ၁၀.၈.၂၀၂၃ရက်နေ့တွင် မိုးညှင်းမြို့၊ အရှေ့စု(၄)လမ်းရပ်ကွက် အတွင်းရှိ ဒေါ်ငုဝါ(ကုန်စုံဆိုင်)သို့ ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍စားသုံးသူ ကာကွယ်ရေး ဥပဒေပါပြဌာန်းချက်များနှင့် ကိုက်ညီခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့်ဝန်ထမ်းများသည် (၈-၈-၂၀၂၃) ရက်နေ့၊ နံနက် (၀၉း၀၀) နာရီအချိန်တွင် မအူပင်မြို့နယ်၊ ရေလဲလမ်းရှိ ပြည့်ဖြိုးကြွယ်ဆန်စက်သို့သွားရောက်၍ ကွင်းဆင်းလေ့လာစစ်ဆေးခဲ့ပါသည်။
