သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
27 Sep 2022

     ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ရေတာရှည်မြို့၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများ သိသင့်သိထိုက်သည့် အသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို စက်တင်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းက အောင်ဆန်းခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

27 Sep 2022

    ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် တောင်ငူခရိုင်ဦးစီးမှူးဦးဆောင်သောအဖွဲ့သည် စားသုံးသူပြည်သူများ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာဗဟုသုတများ ရရှိစေရန်အတွက် စက်တင်ဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းက တောင်ငူမြို့နယ် လဲဘူးကျေးရွာ၊ မိုးကုတ်ဓမ္မရိပ်သာ ဓမ္မာရုံ၌ ကျေးရွာသူကျေးရွာသားများအား စားသုံးသူကာကွယ်ရေးဆိုင်ရာများကို ဟောပြောခဲ့ပါသည်။

27 Sep 2022

      ပဲခူးတိုင်း‌ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ဖြူးမြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစား နှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားကျောင်းသူများ သိသင့်သိထိုက်သည့် အသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ ဌာနဆိုင်ရာများအလိုက် အသိပညာပေးဟောပြောခြင်းကို စက်တင်ဘာလ ၁၉ ရက်နေ့ နေ့လယ်ပိုင်းက တောင်ငူခရိုင်၊ ဖြူးမြို့၊ စာရေးလမ်း၊ အခြေခံပညာ မူလတန်းလွန်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

27 Sep 2022

    ပဲခူးတိုင်း‌‌ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးသည် စက်တင်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းက နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန၊ ဖြူးမြို့ အမျိုးသမီး အိမ်တွင်းမှုလုပ်ငန်းပညာသင်တန်း ကျောင်းတွင်ပြုလုပ်သည့်  အသိ ပညာပေးဟောပြောပွဲသို့ တက်ရောက်၍ စားသုံးသူကာကွယ်ရေး ဆိုင်ရာများကို အသိပညာပေး ဟောပြောခဲ့ပါသည်။

27 Sep 2022

   ပဲခူးတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ ဖြူးမြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အားကစားနှင့်ကာယညာဦးစီးဌာနနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား ကျောင်းသူများ သိသင့်သိထိုက်သည့် အသိပညာဗဟုတများ ရရှိစေရန် ရည်ရွယ်၍ အသိပညာပေး ဟောပြောပွဲကို စက်တင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းက ကင်မွန်းခြုံကျေးရွာ အခြေခံပညာမူလတန်း လွန်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

Pages