သတင်းနှင့် လှုပ်ရှားမှုများ
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၌ စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ သတင်းဆောင်းပါး ရေးသားနည်းနှင့် မှတ်တမ်းဓာတ်ပုံ၊ဗွီဒီယိုများ စနစ်တကျရိုက်ကူး မှတ်တမ်းတင် ထိန်းသိမ်းနည်း သင်တန်းဖွင့်ပွဲကို ၈.၈.၂၀၂၃ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ နံနက် (၉:၃၀) နာရီမှ စတင်၍ ကျင်းပပြု လုပ်ခဲ့ရာ နည်းပြများ၊ အရာထမ်းများ၊ အမှုထမ်းများ(၂၃)ဦးနှင့်တိုင်းဒေသက

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့(CPU)မှ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးဟောပြောပွဲအား (၃.၈.၂၀၂၃)ရက်နေ့ ၊နံနက် (၀၉:၀၀)နာရီတွင် မကွေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

8.8.2023 ရက်နေ့၊ နေ့လည် (၁၂:ဝဝ) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မိတ်ဖက်ဌာနများဖြစ်သည့် မြို့နယ်ပြည်သူ့ကျန်းမာရေး၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ သတို့နှင့် ပူးပေါင်း၍ ဒေါပုံမြို့နယ်၊ Capital အတွင်းရောင်းချနေသော ကုန်စည်များတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/2019) နှင့်အညီ ကုန်အညွှန်းအမှတ်အသားဖော်ပြထားခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

မကွေးမြို့ပေါ်ရှိ ဆေးဆိုင်များတွင် အိမ်သုံးဆေးဝါးများအား ဖျားနာမှုအတွက် အဓိကဝယ်ယူလျက် ရှိကြပါသည်။ အိမ်သုံးဆေးဝါးများမှာ ဇူလိုင်လ (စတုတ္ထအပတ်)နှင့် ဩဂုတ်လ (ပထမအပတ်)တွင်နှိုင်းယှဉ်ချက်အရ စျေးနှုန်းပြောင်းလဲမှုမရှိဘဲ တည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် ခရိုင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ သြဂုတ်လ (၁၀)ရက်နေ့တွင် အခြေခံပညာမူလ တန်း (လွန်)ကျောင်းရှိ ကျောင်းသား/ကျောင်းသူများအား ဘေးအန္တရာယ်ကင်းရှင်းသောစားသောက်ကုန်များဝယ်ယူစားသုံးနိုင်ရေး ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများ ဟောပြောခဲ့ပါသည်။
