သတင်းနှင့် လှုပ်ရှားမှုများ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်၊ ကန့်ဘလူခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုတို့ဖြင့် ကျွန်းလှမြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်သည် (၉-၈-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျွန်းလှမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းနှင့် Online Shopping ဝန်ဆောင်မှု၊ Online ရောင်းချမှုမှတ်ပုံတင်ခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ စာသုံးသူကာကွယ်ရေးအသိပညာပေး (T

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးငြိမ်းချမ်းသူသည် ကသာခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် “မိုးစပါး ပန်းတိုင်အထွက်နှုန်းရရှိရေး စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ” သို့ တက်ရောက်ခဲ့ပါသည်။

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်တွင် မိုခါမုန်တိုင်းအလွန် ပြန်လည်ထူထောင်ရေးနှင့်ဒေသဖွံ့ဖြိုးရေးတို့အတွက် ကွင်းဆင်းဆောင်ရွက်ရာ၌ နိုင်ငံတော်ကချမှတ်ထားသည့် စစ်ကြောင်း(၅)ကြောင်းဖြင့်ပုံသဏ္ဌာန်ဖော်ခဲ့ပြီး လူမှုရေးစစ်ကြောင်း၌ လမ်းဦးစီးဌာနမှ အဖွဲ့ခေါင်းဆောင် ဦးဆန်းလင်းဦးဆောင်သော မြို့နယ်အဆင့်ဌာနဆိုင်ရာများလိုက်ပါလျက် (၈-၈-၂၀၂၃) ရက်နေ့တွင် သဲတန်းရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ကျင်းပရာ ၎င်းအခမ်းအနားသို့ ကျေးရွာသူ/ သား(၃၀)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။

ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ၂၀၂၃ခုနှစ်၊ ဩဂုတ် ၄ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင်ရောင်းချလျက်ရှိသော ဟင်းရွက်ဆီဘူးများအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/ မရှိကိုကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

ပုသိမ်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနကဦးဆောင်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်အုပ်ချုပ်ရေးအဖွဲ့များပူးပေါင်းကာ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ ၇ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်ရှိ ဆေးဆိုင်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/ မရှိကိုကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
