သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၄ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် GACC လက်မှတ်ထုတ်ပေးရေးလျှောက်ထားသည့် So Shwe Orient Limited နှင့်စာချုပ်ချုပ်ဆိုထားသည့် တောင်ငူမြို့၊ အမှတ်(၂)ရပ်ကွက်၊ ရွှေဟင်္သာလမ်းရှိ အေးမေတ္တာဆန်စက်အား စားသုံးသူရေးရာဦးစီးဌာန၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာန (လှည်းကူး) မှ ဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးသန့်စင်နှင့်အဖွဲ့က လာရောက်စစ်ဆေးရာတွင် လိုက်ပါဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ၂၀၂၃ခုနှစ်၊ ဩဂုတ်လ ၄ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် တောင်ငူမြို့၊ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၌ ကျင်းပပြုလုပ်သည့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တောင်ငူခရိုင်၊ အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီအဖွဲ့ဝင်တို့တွေ့ဆုံဆွေးနွေးပွဲတွင် အဖွဲ့ဝင်အဖြစ် ပါဝင်တက်ရောက်ခဲ့ပါသည်။

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၈-၈-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံး၌ လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ စားသုံးသူများနစ်နာဆုံးရှုံးမှုမရှိစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချမှုရှိစေရန်အတွက် ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်မှုရှိရန် လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ခရိုင်ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းဖွဲ့စည်းနိုင်ရေးအစည်းအဝေးပွဲကို (၃-၈-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် သာယာဝတီ၊ လက်ပံတန်း၊ မင်းလှ၊ မိုးညို၊ အုတ်ဖို၊ ကြို့ပင်ကောက် စသည့်မြို့နယ်များမှ ဆီစက်ပိုင်ရှင်များ၊ ဆီကုန်သည်များ၊ ဆီရောင်းချ/ ဖြန့်ဖြူးသူများတက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ခရိုင်အုပ်ချုပ်ရေးမှူးက ခရိုင်ဆီကုန်သည်အသင်းဖွဲ့စည်းရခြင်းမှာ ဒေသတွင်းစားသုံးဆီဖူ

စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် မလှိုင်မြို့နယ်တာဝန်ခံသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ခံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့၌ မလှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ခံရေးဦးစီးဌာနရုံး၌ စားသုံးသူကာကွယ်ရေး အသိပညာပေး (Talk Show) ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။
