သတင်းနှင့် လှုပ်ရှားမှုများ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စားသုံးဆီတင်သွင်း၊ သိုလှောင် ၊ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေကော်မတီကို ဖွဲ့စည်းပြီး ပြည်ပမှ တင်သွင်းလာသည့်စာသုံးဆီများ သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းများနှင့် ပြည့်မီစေရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့် ညီညွှတ်သော စားသုံးဆီများကို သုံးစွဲနိုင်ရေး ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရေး စာအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှ

စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုစနစ် ပိုမိုဖွံ့ဖြိုးတိုးတက် အောင်မြင်အောင်ဆောင်ရွက်နိုင်ရေး နှင့် SME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကရင်စားသုံးသူရေးရာဦးစီးဌာန၊ပြည်နယ်ဦးစီးမှူး၊ ပြည်တွင်းဌာနတာဝန်ခံနှင့်ဝန်ထမ်းများသည် (၆-၈-၂၀၂၃)ရက်နေ့ နံနက် (၁၀:၃၀)နာရီအချိန်တွင် ဘားအံမြို့၊ ဇာသပြင်အနောက်ကျေးရွာရှိ စိုက်ပျိုး/မွေးမြူရေးခြံသို့ ကွင်းဆင်းလေ့လာခဲ့ကြောင်းသိရသည်။

မန္တလေးတိုင်းဒေသကြီး၊မိတ္ထီလာခရိုင်၊စားသုံးသူရေးရာဦးစီးဌာန၊ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့်မိတ္ထီလာမြို့နယ်၊ ချည်စက်(အ.ထ.က)ကျောင်းတွင် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက်၂၀၂၃ခုနှစ် ၊ ဇူလိုင်လ ၁၇ ရက်နေ့ နံနက်(၁၀း၀၀)နာရီချိန်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ဝန်ထမ်းများအသိပညာဗဟုသုတ တိုးပွားစေရေးနှင့်စွမ်းဆောင်ရည်မြင့်မားလာစေရေး ရည်ရွယ်လျှက် Thursday Talk အသိပညာပေးဆွေးနွေးပွဲများ တစ်လလျှင်အနည်းဆုံးတစ်ကြိမ် ကြာသပတေးနေ့၌ ဆွေးနွေးဟောပြောကြောင်းသိရသည်။ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၁၈) ရက်နေ့၌ မိတ္ထီလာခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးတွင် ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့်စပ်လျဉ်း၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ တာဝန်ခံမှ အသိပညာပေး ဆွေးနွေးပြောခဲ့ပါသ

မိတ္ထီလာခရိုင်အတွင်း မိုးနှမ်းများကိုသြဂုတ်လဆန်းပိုင်း၌ စတင်ရိတ်သိမ်းကြောင်းသိရသည်။ ခရိုင်အတွင်း မိုးနှမ်းစိုက်ဧက (၃.၃) သိန်းခန့်ရှိပြီးမိုးနှောင်းနှမ်းကို စိုက်ပျိုးမှုမရှိဘဲနွေနှမ်းကို ဆည်ရေရသောဒေသအနည်းငယ်တွင်သာ စိုက်ပြီး၊ မိုးနှမ်းကိုအများဆုံးစိုက်ပျိုးကြပါသည်။ ဒေသရာသီဥတုနှင့်ကိုက်ညီပြီး မိရိုးဖလာစိုက်သောမိုးနှမ်းကို ကဆုန်လ (မေလ)က စတင်စိုက်ပျိုးခဲ့ပြီး ၎င်းတွင်သက်နုရက်(၆၀)ရှိမျိုးကို အစိုက်များကြပါသည်။ စိုက်ပြီးနောက်ပိုင်း မိုးနည်းခဲ့၍ ရိတ်သိမ်းခြင်းမပြုသေးသော်လည်း
