သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
11 Aug 2022

       စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးသည် ၉.၈.၂၀၂၂ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဗန်းမော်ခရိုင်ဦးစီးမှူးရုံး၌ ရှမ်းမလေး (ချဉ်စော်ကားသီး ယိုစုံ)လုပ်ငန်းရှင်(၂)ဦးအား တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးခဲ့ ပါသည်။

11 Aug 2022

            မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်တာဝန်ခံရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည်  (၅.၈.၂၀၂၂) နေ့(၁၀:၃၀) အချိန်တွင် ညောင်တုန်းမြို့နယ် တူးချောင်းကျေးရွာတွင် တောင်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ပါသည်။

11 Aug 2022

              စားသုံးသူရေးရာဦးစီးဌာန တောင်ငူခရိုင် အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင် နှင့် ဌာနခွဲစာရေး ဦးအောင်ဝင်းတို့သည် ဩဂုတ်လ ၅ ရက်နေ့ နေ့လယ်ပိုင်းက အုတ်တွင်းမြို့ စည်ပင်သာဈေးအတွင်း၌ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

11 Aug 2022

           စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးနှင့် ဝန်ထမ်းများသည် ဩဂုတ်လ ၅ ရက်နေ့ နံနက်ပိုင်းက ဖြူးမြို့စည်ပင်သာယာဈေးအတွင်း သွားတိုက်ဆေး အမျိုးမျိုးတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြထားခြင်း ရှိ/မရှိ ဈေးကွက် စောင့်ကြည့် စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

11 Aug 2022

        စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၌ ၂၀၂၂ခုနှစ်၊ ဇူလိုင် လ(၂၈)ရက်နေ့တွင် မိတ္ထီလာမြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။ ဆွေးနွေးပွဲတွင် ခရိုင်ဦးစီးမှူးမှ စက်သုံးဆီဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးအတိုင်း‌ရောင်းချရေး ၊ အချိန်အတွယ်ပြည့်မီစေရေးတို့ကို အလေးထားရောင်းချရန်ဖြစ်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်လည်း စျေးကွက် စောင့်ကြည့်ကွင်းဆင်းခြင်းလုပ်ငန်းမျာ

Pages