သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
11 Aug 2022

             ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်ရှိ ကျေးရွာတချို့တွင် အာဆီယံသပြေ စိုက်ပျိုးထား သည်ကို တွေ့ရှိရပါသည်။ မြန်မာလူမျိုးတို့၏ ဓလေ့ထုံးစံအရ သပြေပန်းများ ဝယ်ယူပြီး ဘုရားလှူ၊ အောင်အိုးထိုးပူဇော်ကြပါသည်။ မနက်မိုးလင်းသည်နှင့် စံပယ်ပန်း၊ ရွှေပန်း၊ ငွေပန်း၊ နှင်းဆီပန်း၊ အာဆီယံသပြေပန်းအစုံ ခေါင်းရွက်ရောင်းသည့် ဈေးသည်များ၊ စက်ဘီးဆိုင်ကယ်များနှင့် ရောင်းသည့် ပန်းသည်များကို ရပ်ကွက်များ၊ ဈေးများတွင် တွေ့ရှိရပါသည်။ အာဆီယံသပြေပန်း တစ်စည်းကို ၂၀၀ ကျပ်ဖြင့် ရောင်းချရကြောင်း ဈေးရော

11 Aug 2022

          ပိုးသတ်ဆေးလိုင်စင်မရှိဘဲ ကုန်အမှတ်တံဆိပ် ဆင်တူယိုးမှားတုပပြုလုပ်၍ တရားမဝင် ခြင်ဆေးခွေများ စျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိကို စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာ ခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် မလှိုင်မြို့နယ်တာဝန်ခံသည် (၄-၈-၂၀၂၂) ရက်နေ့ နံနက် (၁၀:၀၀) နာရီချိန်တွင် မြို့ပေါ်ရှိ ကုန်စုံဆိုင်ကြီးများသို့ စျေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

11 Aug 2022

              အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသားကျောင်းသူများ သိသင့်သိထိုက် သည့် အသိပညာ ဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲကို ဩဂုတ်လ ၈ ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ စားသုံးသူရေးရာဦးစီးဌာန အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်က စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေး ဟောပြောခဲ့ပါသည်။

11 Aug 2022

              စာသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးဦးမျိုးအောင်သည် ဩဂုတ်လ ၈ ရက်နေ့ နေ့လယ်ပိုင်းက ခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ တောင်ငူခရိုင်အတွင်းမှ ဆေးနှင့်ဆေးပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးပါသည်။

11 Aug 2022

           မိုးတွင်းကာလတွင်အလေ့ကျပေါက်လေ့ရှိသည့် သဘာဝမှိုများကိုသာ ယခင်ကစားသုံးနေကြရပြီး အခန့်မသင့်ပါက မှိုဆိပ်တောက်၍ အကြောတက်ခြင်း၊ မူးဝေခြင်း၊ အော့အန်ခြင်းတို့အပြင် သေဆုံးသည်အထိ အန္တရာယ်ရှိခဲ့ကြပါသည်။ အဆိပ်ရှိသည့်မှိုနှင့် စားသုံးသင့်သည့်မှိုများကို ခွဲခြား သိရှိနိုင်ရန် မလွယ်ကူသဖြင့် အဆိပ်ရှိမှိုများကိုစားသုံးမိခြင်းများ ကြုံတွေ့ခဲ့ရပါသည်။ ယခုအခါ စားသုံးသူများအတွက် ဘေးဥပါဒ်ကင်းလွတ်စေရန် စားသုံးသင့်သည့်မှိုများကို လေ့လာရွေးချယ်၍ စိုက်ပျိုးထုတ်လုပ်လာသောကြောင့် တစ်နှစ်ပတ်လု

Pages