
ပဲခူးတိုင်းဒေသကြီးအတွင်း ဆောင်ရွက်လျက်ရှိသော ဆက်သွယ်ရေးဝန်ဆောင်မှု (အင်တာနက် ဝန်ဆောင်မှု)လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ဩဂုတ်လ ၁၅ ရက်နေ့ ၊ နံနက် (၁၀:၃၀ ) အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားကို စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ၊ ဒုတိယ တိုင်းဒေသကြီးဦးစီးမှူးနှင့်တကွ တိုင်းဒေသကြီးဦးစီးမှူးရုံးရှိ အရာထမ်း၊ အမှုထမ်းများ၊ အင်တာနက် ဝန်ဆောင်မှုလုပ်ငန်းများမှ တာဝန်ရှိသူများ စုစုပေါင်း ၁၆ ဦး တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ကစားသုံးသူကာကွယ်ရေးဆိုင်ရာကိစ္စရပ်များ၊ ဆက်သွယ်ရေးဝန်ဆောင်မှု (အင်တာနက်ဝန်ဆောင်မှု) လုပ်ငန်းများနှင့်ပတ်သတ်၍ သိရှိလိုက်နာ သင့်သော အကြောင်းအရာများအား အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ စားသုံးသူရေးရာဌာနခွဲ တာဝန်ခံမှ စားသုံးသူကာကွယ်ရေးဥပဒေပါ အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံမှ ပဲခူးတိုင်းဒေသကြီးအတွင်း ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုက်နာရမည့်လုပ်ငန်းစဉ်များ၊ ဆက်သွယ်ရေးဝန်ဆောင်မှု (အင်တာနက်ဝန်ဆောင်မှု)များနှင့်ပတ်သတ်၍ စားသုံးသူနစ်နာမှုမရှိစေရေး ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသူများက ပြန်လည်ဆွေးနွေး ခဲ့ကြပြီး စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး အခမ်းအနား ကို အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။
DOCA(ပဲခူး)