သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
14 Aug 2023

    စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတို့ပါဝင်သောအဖွဲ့သည် (၅-၇-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဇလွန်မြို့၊ မြို့မဈေးကြီးအတွင်းရှိ ကုန်စုံဆိုင်များတွင်ရောင်းချနေသော စားသုံးဆီများအား ဈေးကွက်စောင့်ကြည်စစ်ဆေးခဲ့ပါသည်။

14 Aug 2023

   စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၊ မြို့နယ်တာဝန်ခံသည် ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊  ဩဂုတ်လ (၂) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် မြင်းတဲကျေးရွာအုပ်စု၊ အခြေခံပညာအလယ်တန်းကျောင်း၌ ဆရာ/ဆရာမ (၈) ဦး ကျောင်းသား/ သူများ (၁၈၇) ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ပါသည်။

14 Aug 2023

     စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်၊ မြို့နယ်တာဝန်ခံသည် ပခန်းကျေးရွာအုပ်စုရှိ ဓမ္မာရုံ၌ ခြံစိုက်တောင်သူလုပ်ငန်းရှင် (၆၀) ဦးအား (၂-၈-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရှိ ရပါသည်။

14 Aug 2023

    စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးနှင့်အဖွဲ့သည် ဟင်္သာတမြို့နယ်၊ ကျုံတွမ်ကျေးရွာအုပ်စုရှိ ဘုရားကြီးတန်ဆောင်းဝန်းတွင် ပြည်သူ (၁၅၀) ဦးအား (၂-၈- ၂၀၂၃)ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ပါသည်။

14 Aug 2023

  မြိတ်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနကဦးဆောင်၍  ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိစေရေးအတွက် ဦးစားပေးကုန်စည်တစ်မျိုးဖြစ်သည့်အချိုရည်များကို ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်နှင့် သက်ဆိုင်ရာဌာနတို့ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ သြဂုတ် လ (၇) ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် မြိတ်မြို့၊ ဆိပ်ငယ်ရပ်၊ စည်ပင်သာယာစျေးကြီးရှိ ကုန်စုံဆိုင်များသို့သွားရောက်၍ စျေးကွက်စောင့်ကြည့

Pages