
ကော့မှူးမြို့နယ်အတွင်း နိုင်ငံစီးပွားရေးမြှင့်တင်ရေး ရန်ပုံငွေဖြင့် အကျုံးမဝင်သော မိုး စပါးစိုက်တောင်သူများထံ သီးနှံပေါ်ပေးစနစ်ဖြင့် သွင်းအားစု ဓာတ်မြေဩဇာများ ပေးအပ်ပွဲကို ဩဂုတ်လ(၂၉)ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်ကျေးရွာအုပ်စုများတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် တွံတေးခရိုင် မြေစာရင်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိ သူများ၊ မြို့နယ်စီးမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီမှ တာဝန်ရှိသူများ၊ မြို့နယ်မြေစာရင်းဦးစီး ဌာနမှတာဝန်ရှိသူများ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ၊ မြို့နယ်မွေးမြူရေး နှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ မြို့နယ်ဆည် မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု ကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူများသည် ကော့မှူးမြို့နယ် နတ်စင်ကုန်းကျေးရွာအုပ်စုနှင့် အဖျောက်ကျေးရွာအုပ်စုများရှိ မိုးစပါးစိုက်တောင်သူများအား သွင်းအားစုဓာတ်မြေဩဇာများ ပြည့်မီအောင် သုံးစွဲနိုင်မှ သီးနှံများ သတ်မှတ်ပန်းတိုင်အထွက်နှုန်းရရှိမည်ဖြစ်ကြောင်း တောင်သူ တစ်ဦးချင်းစီးပွားရေးအဆင်ပြေမှသာ နိုင်ငံစီးပွားရေး အဆင်ပြေတိုးတက်မည်ဖြစ်သောကြောင့် ယခုလိုသီးနှံပေါ်ပေးစနစ်ဖြင့် သွင်းအားစုများ ထောက်ပံ့ပေးရခြင်းဖြစ်ကြောင်း ဆွေးနွေးပြော ကြားခဲ့ပြီး မိုးစပါးစိုက်တောင်သူများထံ ကျေးရွာများ အရောက် ဓာတ်မြေဩဇာများ စာချုပ်ချုပ် ဆို ဖြန့်ဖြူးပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)