သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
17 Aug 2022

            ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင်၊ ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးဇော်လင်းအောင်နှင့်မြို့နယ်ဦးစီးမှူးဦးလှထွဋ်ဦးတို့သည် (၁၁.၈.၂၀၂၂)ရက်နေ့ နေ့လည်(၁၃:၃၀)နာရီက မြောင်းမြမြို့နယ် စက်သုံးဆီအ‌ရောင်းဆိုင်များသို့ ကွင်းဆင်းစိစစ်ကြပ်မတ်ဆောင်ရွက်ခဲ့ပါသည်။

17 Aug 2022

      ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ အတွင်းရေးမှူး ဦးဇော်လင်းအောင်(ခရိုင်ဦးစီးမှူး)စားသုံးသူရေးရာဦးစီးဌာနနှင့်မိတ်ဖက်ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့တို့သည် (၁၂.၈.၂၀၂၂)ရက်နေ့ နံနက်(၁၁:၃၀)အချိန်က မြောင်းမြမြို့နယ်အတွင်းရှိ ကုန်မျိုးစုံရောင်းချနေသောဆိုင်များသို့ နယ်စပ်လမ်းကြောင်းမှ တရားမဝင်တင်သွင်းလာသော စားသုံးဆီများရောင်းချနေခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

17 Aug 2022

       စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် မြို့နယ်တာဝန်ခံဦးလေးလွင် သည်(၁၂.၈.၂၀၂၂)ရက်နေ့နံနက်(၁၁:၀၀)နာရီက အိမ်မဲကြီးရပ်ကွက်၊အိမ်မဲကြီး(အထက-၂)ကျောင်း

တွင် ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။

17 Aug 2022

         နေပြည်တော်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းအစည်းအဝေး(၃/၂၀၂၂)ကို ၁၂-၈-၂၀၂၂ ရက်နေ့၊ နံနက်(၁၀း၃၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

17 Aug 2022

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ပခုက္ကူခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ၊ (၁၀)ရက်နေ့၊နေ့လယ် (၁၃:၃၀)နာရီအချိန်တွင် ပခုက္ကူမြို့၊အမှတ် (၈)ရပ်ကွက်၊မူလတန်းကြိုကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ရာ ကျောင်းသားမိဘ (၁၂၆) ဦးနှင့် ဆရာ/ ဆရာမ (၁၁) ဦးတို့တက်ရောက်ခဲ့ကြပါသည်။

Pages