ဘီးလင်းမြို့၊ အ.ထ.က (ကန်သာယာ)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်‌ရေး လူငယ်စကားဝိုင်းပြုလုပ်

Powered by Drupal

     မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံ ပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်းကို ၂၈.၈.၂၀၂၅ ရက်နေ့ နံနက် (၀၈း၀၀) နာရီအချိန်တွင် အ.ထ.က(ကန်သာယာ)ကျောင်း၊ မဟော်သဓာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

    ရှေးဦးစွာ အ.ထ.က (ကန်သာယာ)ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဝင်းသူက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမျိုးမျိုးစံ က ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားလာစေရန်၊ အချင်းချင်း အပြန်အလှန်ဆွေးနွေးတတ်စေရန်နှင့် ဗလငါးတန်နှင့် ပြည့်စုံ သည့် လူငယ်များဖြစ်လာစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းများကို ဆောင်ရွက်ပေးရခြင်း ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်း ပြသထားသည့် သိမှတ်ဖွယ်ရာ နံရံကပ်စာစောင်များ သုတ၊ ရသ၊ စာအုပ်များကို ပြသခဲ့ရာ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူတို့က စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုမှတ်သားခဲ့ကြကြောင်း သိရသည်။

DOCA (မွန်)