
၂၇.၇.၂၀၂၅ ရက်နေ့ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများ အဖွဲ့သည် မော်လမြိုင်မြို့နယ်၊ အ.ထ.က (သုခဝတီ) ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ ဟောပြောဆွေးနွေးပွဲတွင် ကျောင်းအုပ်ဆရာမကြီးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အကြီးတန်းစာရေး ဒေါ်သဇင်ဖြိုးမြတ်မှ စားသုံးသူကာကွယ်ရေး၏ ဥပဒေ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား ဆိုင်ရာပြဌာန်းချက်များ၊ Consumer Call Center အကြောင်းအရာများနှင့် စားသုံးသူရေးရာဦးစီး ဌာန၏ အကြောင်းအရာများအား www.doca.gov.com တွင်လည်း ဝင်ရောက်ကြည့်ရှုလေ့လာ နိုင်ကြောင်း၊ စားသုံးသူနစ်နာမှုနှင့် စပ်လျဉ်း၍ တိုင်ကြားနိုင်မှုနှင့် ဖြေရှင်းဆောင်ရွက်ပေးနေမှု အခြေအနေများအား ဟောပြောဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲသို့တက်ရောက်လာသော ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများမှ သိလိုသည်များမေးမြန်းခြင်း၊ ပြန်လည်ဖြေကြား ခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါ ဟောပြောဆွေနွေးပွဲသို့ ဆရာ/ဆရာမ (၉) ဦး၊ ကျောင်းသား/ကျောင်းသူ (၃၁၃) ဦးတက်ရောက်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA (မွန်)