သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
19 Aug 2022

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး  တာဝန်ခံ ဦးအောင်ဇော်ဦး နှင့် ဝန်ထမ်းများသည် ၁၆.၈.၂၀၂၂ နေ့(၁၂း၁၅) အချိန်တွင်လ မအူပင်မြို့ အ.ထ.က-၃ ကျောင်း မုန့်ဈေးတန်းအား ကွင်းဆင်းဈေးကွက်စောင့်ကြည့်စစ်းဆေးခဲ့ကြပါသည်။

19 Aug 2022

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် (၁၅.၈.၂၀၂၂) နေ့တွင် ညောင်တုန်းမြို့နယ် ဆီလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြပါသည်။

19 Aug 2022

                ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးသည် ဩဂုတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းက ဖြူးမြို့ တပ်တွင်း အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ကျောင်းသားကျောင်းသူများအား စားသုံးသူ ကာကွယ်ရေးဆိုင်ရာများကို အသိပညာပေး ဟောပြောခဲ့ ပါသည်။

19 Aug 2022

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်တာဝန်ခံသည် မြို့မဈေးကြီးရှိ အလှကုန်ပစ္စည်းအ ရောင်းဆိုင်များအား (၁၅.၈.၂၀၂၂)ရက်နေ့ နေ့လယ် (၁၀:၀၀)နာရီအချိန်တွင် စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ကွင်းဆင်း ဆောင်ရွက်ခဲ့ပါသည်။

19 Aug 2022

           ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊  လေးမျက်နှာမြို့နယ်တာဝန်ခံသည် လဟာကြီးအုပ်စု၊ ကညင်ပင်လှ ကျေးရွာ ဓမ္မာရုံ၌ (၁၆.၈.၂၀၂၂) ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် စားသုံးသူပြည်သူ (၅၀) ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော ခြင်း ကိုဆောင်ရွက်ခဲ့ သည်။

Pages