
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံကိန်းနှင့် အကျုံးမဝင်သည့်တောင်သူများအား သွင်းအားစု ဓာတ်မြေဩဇာများဖြန့်ဖြူးပေးအပ်ပွဲအခမ်းအနားကို (၂၄.၈.၂၀၂၅) ရက်နေ့တွင် မြောင်းမြမြို့နယ်နှင့် ဝါးခယ်မမြို့နယ်တို့တွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများ နှင့် တက်ရောက်၍ တောင်သူများအား ဓာတ်မြေဩဇာများပေးအပ်ခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ မြောင်းမြ မြို့နယ်၊ ကျုံဝါးကျေးရွာရှိ နည်းပညာပြန့်ပွားရေးစင်တာတွင်ပြုလုပ်သည့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ စီမံကိန်းနှင့် အကျုံးမဝင်သည့်တောင်သူများအား သွင်းအားစုဓာတ်မြေဩဇာများ ဖြန့်ဖြူး ပေးအပ်ပွဲ အခမ်းအနားတက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီးအတွင်း နည်းပညာပြန့်ပွားရေးစင်တာများဖွင့်လှစ်၍ တောင်သူများအားအသိပညာများပေးလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ မြောင်းမြခရိုင်အားစံပြခရိုင်အဖြစ်သတ်မှတ်ထားရှိပါကြောင်းနှင့် စိုက်ပျိုးရေးတွင် ပန်းတိုင်အထွက်နှုန်းရောက်ရှိရုံသာမက သီးနှံစိုက်စွမ်းအားများလည်း တိုးတက်လာခဲ့ ပါကြောင်း၊ ယခုနှစ်သည်တိုင်းဒေသကြီးအနေဖြင့် သီးနှံစုံပန်းတိုင်အထွက်နှုန်းရောက်ရှိရမည့် နှစ်ဖြစ်ပါ ကြောင်းနှင့် မိုးစပါးသည်လည်းပန်းတိုင်အထွက်နှုန်းရောက်ရှိရမည်ဖြစ်ပါကြောင်း၊ စပါးအထွက်နှုန်းများ တိုးတက်ရန်အတွက် စိုက်နည်းစနစ်များပြောင်းလဲခြင်းနှင့် ကြဲခင်းစနစ်များပပျောက်အောင် ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ တစ်ဧကအထွက်နှုန်းများတိုးတက်ရန်အတွက် သဘာဝမြေဩဇာ၊ ဓာတ်မြေဩဇာ များကို အချိန်ကိုက် အချိုးကျထည့်သွင်းရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ကြဲခင်းစနစ်များပပျောက်စေရန် ပျိုးထောင်စိုက်ပျိုးခြင်းများ၊ ကောက်စိုက်စက်များ၊ ကောက်စိုက်သမများ၊ မျိုးစေ့ချကိရိယာ(Drum Seeder) များဖြင့် စိုက်ပျိုးခြင်းများ ဆောင်ရွက်လျက်ရှိပြီး ယခုနှစ်နွေစပါးစိုက်ရာသီတွင် ကြဲခင်းများ လုံးဝပပျောက် စေရေးအတွက် မျိုးစေ့ချကိရိယာ(Drum Seeder)များဖြင့် စိုက်ပျိုးခြင်းများ ပိုမို ဆောင်ရွက်နိုင်စေရေး မျိုးစေ့ချကိရိယာ (Drum Seeder) များ ပိုမိုထုတ်လုပ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် မိုးစပါးနွေစပါး(၅၂)သိန်းကျော်စိုက်ပျိုးလျက်ရှိပြီး နိုင်ငံ့ စီးပွားရေးမြှင့်တင်ရေးရန်ပုံငွေများဖြင့် တောင်သူများအား သွင်းအားစုများပေးအပ်ခဲ့ပါကြောင်း၊ ဝယ်ယူ ကြိတ်ခွဲတင်ပို့သူအစုအဖွဲ့အနေဖြင့်လည်း Contract Farming စနစ်ဖြင့် အကျိုးတူပူးပေါင်း ဆောင်ရွက်ခြင်း နှင့်ယခုတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံကိန်းနှင့် အကျုံးမဝင်သည့် တောင်သူ များအား သွင်းအားစုဓာတ်မြေဩဇာများ ဖြန့်ဖြူးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင် ရေးနှင့် အကျုံးမဝင်သည့် တောင်သူများအား ဓာတ်မြေဩဇာများ တိုက်ရိုက်သက်သာစွာ ဖြန့်ဖြူးပေး ခြင်းဖြင့် ပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် များစွာအထောက်အပံ့ရမည်ဖြစ်ကြောင်း၊ တောင်သူကြီး များ အနေဖြင့်လည်း မိုးစပါးပန်းတိုင်အထွက်နှုန်းရောက်ရှိရေးသာမက သီးနှံစုံပန်းတိုင်အထွက်နှုန်း ရောက်ရှိရေးအတွက်လည်း တတ်နိုင်သည့်ဘက်မှဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း” မှာကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ တောင်သူများအား သွင်းအားစု မြေဩဇာများပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA (ဧရာဝတီ)