
(၂၀.၈.၂၀၂၅)ရက်နေ့ နံနက်(၁၁:၅၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၄)ဦးတို့သည် အမှတ်(၉၄)၊ ကာယ(၅) လမ်း၊ မင်္ဂလာဒုံ မြို့နယ်ရှိ Nautral Power Organic Fertilizer စိုက်ပျိုးရေးလုပ်ငန်းသုံး ပစ္စည်းများအရောင်းဆိုင်သို့ အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါသည်။
ထိုသို့ဟောပြောခဲ့ရာတွင် စားသုံးသူပြည်သူများ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့် အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ စားသုံးသူ၏အခွင့်အရေးများ၊ တာဝန်များ၊ အွန်လိုင်းစနစ်ဖြင့် ဈေးဝယ်ယူခြင်းအတွက် အားနည်းချက်/ အားသာချက်များကိုလည်းကောင်း၊ ကုန်စည် (သို့) ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဌာနများ၏ ဆောင်ရွက်မှုများ၊ လိမ်လည်မှုများနှင့် မှတ်ပုံတင်ထားသည့် အွန်လိုင်းရောင်းချမှုလုပ်ငန်းမှ ဈေးဝယ်ယူခြင်းဖြင့် ရရှိသည့်အကျိုးရလဒ်များကို အကျယ်တဝင့် ဟောပြောဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲသို့ (၃)ဦးတက်ရောက်ကာ (၁၂:၃၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)