ဖောင်းပြင်မြို့နယ်တွင် စားသုံးဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

              စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်အတွင်းရှိ ဖောင်းပြင်မြို့နယ်၊ အင်ကြင်းမြိုင်ရပ်ကွက်အတွင်းရှိ စားသုံးဆီရောင်းချလျက်ရှိသည့် ကုန်စုံဆိုင်များအား ( ၁၉.၈.၂၀၂၅ ) ရက်နေ့တွင် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

              အင်ကြင်းမြိုင်ရပ်ကွက်အတွင်းရှိ ဒေါ်စိန်မြကြည်ဆိုင်တွင် ရောင်းချနေသည့် စားသုံးဆီများတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ မြန်မာစာဖြင့်ဖော်ပြရန် သတ်မှတ်ထားသည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိနှင့် အသားတင်အလေးချိန် ဖော်ပြထားသည့်အတိုင်း အလေးချိန်ပြည့်မှီခြင်းရှိ/ မရှိ စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)