သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
23 Aug 2022

          စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံဦးမျိုးဝင်းသန်း သည် ၂၀၂၂ ခုနှစ် ၊ ဩဂုတ်လ ၁၈ ရက် နံနက် ၁၀ : ၃၀ နာရီအချိန်တွင် ကန့်ဘလူမြို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(တယ်လီဖုန်း)တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရာ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး(၈)ချက်နှင့် ဝန်ဆောင်မှုလုပ်ငန်းများနှင့် ပတ်သက်သည့် အသိပညာဗဟုသုတများကို ဆွေးနွေးပြောကြားခဲ့သည်။

23 Aug 2022

         စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌခေါင်းဆောင်၍ မုံရွာခရိုင်အတွင်းရှိ ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့် ဩဂုတ်လ လဝက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အစည်းအဝေးခန်းမ၌ (၁၆.၈.၂၀၂၂)ရက်နေ့ နံနက်(၁၀:၃၀)နာရီ အချိန်တွင်ကျင်းပခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးတက်ရောက်ခဲ့ပါသည်။

23 Aug 2022

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ဒုတိုင်းဒေသကြီးဦးစီးမှူးဦးဆောင်၍  ဝန်ထမ်းများသည် (၁၈.၈.၂၀၂၂)ရက်နေ့ ညနေ (၄း၀၀)နာရီ အချိန်တွင် မုံရွာမြို့၊ ဒေါနခြံရပ်ကွက်ရှိ “လပြည့်” ကိတ်မုန့်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

23 Aug 2022

            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၈.၈.၂၀၂၂)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် မုံရွာမြို့၊ အမှတ်(၇) အခြေခံပညာအထက်တန်း ကျောင်း၌ စားသုံးသူကာကွယ်ပေးရေးအသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ရာ ဆရာ/မ (၄)ဦး၊ ကျောင်းသား/သူ (၉၉)ဦး၊  စုစုပေါင်း (၁၃၉)ဦး တက်ရောက်ခဲ့ကြပါသည်။

23 Aug 2022

         ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှ ၂၀၁၈ ခုနှစ်ဒီဇင်ဘာလအတွင်း၌ android ဖုန်း အသုံးပြုသူများ၏ တည်နေရာဆိုင်ရာ ပုဂ္ဂိုလ်ရေးအချက်အလက်နှင့် ပတ်သက်ပြီး အချက်အလက်သိမ်းဆည်းခြင်း၊ အသုံးပြုခြင်းများနှင့်စပ်လျဉ်း၍ မှားယွင်းဖော်ပြခဲ့သောကြောင့် သြစတေးလျယှဉ်ပြိုင်မှုနှင့် စားသုံးသူ ကော်မရှင်(ACCC)က တရားစွဲဆိုခဲ့ပြီး သြစတေးလျဖက်ဒရယ် တရားရုံးက Google LCC ကို ဒေါ်လာ သန်း ၆၀ ဒဏ်ကြေးပေးဆောင်ရန် အမိန့်ချမှတ်ခဲ့ကြောင်း ACCC ၏ Website တွင် (၁၂-၈-၂၀၂၂) ရက်နေ့ကဖော်ပြထားသည်။

Pages