
၂၆.၈.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်မှ ဝန်ထမ်းများသည် ကျိုက်ထိုမြို့နယ်ရှိ ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် စားအုန်း ဆီများရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ရောင်းချပေးရာတွင် ကျိုက်ထိုမြို့နယ်ရှိ ကံ့ကော်ရပ်ကွက်၊ အောင်ချမ်းသာ (၃) လမ်း၌ နံနက် (၀၈း၀၀) နာရီအချိန်တွင် (၆၆၀) ပိဿာ၊ တောင်ပိုင်းရပ်ကွက်၊ ဇုက္ကလိစုပိုင်း၌ နေ့လည် (၁၂း၀၀) နာရီအချိန်တွင် (၅၅၀) ပိဿာ၊ ဇေယျာမွန်ရပ်ကွက်၊ ရွှေညောင်ပင်လမ်းတွင် (၅၅၀) ပိဿာရောင်းချပေးခဲ့ပြီး အိမ်ထောင်စုတစ်စုလျှင် (၁) ပိဿာနှုန်းဖြင့် စားအုန်းဆီ တစ်ပိဿာလျှင် (၇၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း (၁၇၆၀) ပိဿာရောင်းချပေးခဲ့ကြောင်း သိရသည်။
DOCA (မွန်)