
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ် တာဝန်ခံရုံးသည်၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်နေ့ နံနက် ၀၉:၃၀ အချိန်တွင် တာဝန်ခံဦးမျိုးဝင်း သန်းနှင့် ဒေါ်အိမွန်ကျော် အကြီးတန်းစာရေးတို့သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူ များနှင့် ပူးပေါင်း၍ ကန့်ဘလူမြို့၊ “မြို့မဈေး”ရှိ ကုန်စုံဆိုင်များတွင် အေးခဲအစားအစာများ ရောင်းချ ခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် တာဝန်ခံက စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူများ နေ့စဉ်အသုံးပြုလျက်ရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရန်ရည်ရွယ်၍ ဦးစားပေးဆောင်ရွက်မည့် ကုန်စည်အမျိုးအစားများ သတ်မှတ်ကာ လစဉ်ဈေး ကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ရောင်းချသည့်ကုန်စည်များတွင် ကုန်အညွှန်အမှတ်အသားများကို ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိစိစစ်ရောင်းချရန်၊ တရားမဝင်ကုန်စည်များနှင့် သက်တမ်းလွန် ကုန်စည်များကို ရောင်းချခြင်းမပြုလုပ်ရန် ပြောကြားခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
DOCA(စစ်ကိုင်း)