သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
19 Aug 2022

           ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊  လေးမျက်နှာမြို့နယ်တာဝန်ခံသည် လဟာကြီးအုပ်စု၊ ကညင်ပင်လှ ကျေးရွာ ဓမ္မာရုံ၌ (၁၆.၈.၂၀၂၂) ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် စားသုံးသူပြည်သူ (၅၀) ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော ခြင်း ကိုဆောင်ရွက်ခဲ့ သည်။

19 Aug 2022

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်ခရိုင်၊  ကြံခင်းမြို့နယ်တာဝန်ခံသည် မြို့မရပ်ကွက်၊ အုပ်ချုပ်ရေးမှူးအိမ်၌ (၁၆.၈.၂၀၂၂) ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် ပေါင်မုန့်လုပ်ငန်းရှင် (၈) ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း ကိုဆောင်ရွက်ခဲ့သည်။

19 Aug 2022

             ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီအနေဖြင့် စက်သုံးဆီတင်သွင်း၊သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှတစ်ဆင့် ပြည်သူများ စက်သုံးဆီစျေးနှုန်းမှန်ကန်စွာသုံးစွဲနိုင်ရေးနှင့်စက်သုံးဆီပြတ်လပ်မှုမရှိစေရေးတို့အတွက် ဖြည့်တင်း မှုများကြပ်မတ်ကြိုးပမ်းဆောင်ရွက်လျှက်ရှိရာ အချို့သော စက်သုံးဆီဆိုင်များသည် စက်သုံးဆီ စျေးနှုန်းပြောင်းလဲမှုရှိလာနိုင်မည်ဟုယူဆပြီး မိမိအကျိုးစီးပွားကိုမျှော်လင့်၍ စက်သုံးဆီပြတ်လပ် ခြင်း သို့မဟုတ် လက်ကျ

19 Aug 2022

             ပဲခူးတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ အုတ်တွင်းမြို့နယ်တာဝန်ခံသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ သောင်းတိုင်ကုန်းကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကျောင်းသားကျောင်းသူများ သိသင့်သိထိုက်သည့် အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ အသိပညာပေး ဟောပြောပွဲကို ဩဂုတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပါသည်။

19 Aug 2022

         ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တာဝန်ခံရုံးမှ မြို့မ(၁)အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲကို ဩဂုတ်လ ၁၅ ရက်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပါသည်။

Pages