သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ကရင်ပြည်နယ် ပြည်နယ်ဦးစီးမှူးဦးသန်းဦးနှင့်ဝန်ထမ်းများသည် (၆.၈.၂၀၂၃)ရက် တနင်္ဂနွေနေ့ နံနက်(၈:၀၀)နာရီအချိန်တွင် ကရင်ပြည်နယ် ဇာသပြင်ကျေးရွာ၌ မွေးမြူရေးလုပ်ငန်းရှင် ဦးနိုင်ဝင်းအောင် နှင့် တွေ့ဆုံ၍ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် မြှင့်တင်ဆောင်ရွက်နိုင်ရန် ဆွေးနွေးခဲ့ကြောင်းသိရှိရသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စားသုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူး ခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်းပြီး ပြည်ပမှတင်သွင်းလာသည့် စားသုံးဆီများ သတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းများနှင့် ပြည့်မီစေရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွှတ်သော စားသုံးဆီများကို သုံးစွဲနိုင်ရေး၊ စျေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်ရေး၊ စားအုန်းဆီ ကမ္ဘာ့စျေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် စျေးနှုန်းများဖြစ်ပေါ်စေ

Packing Machine များထုတ်လုပ်ဖြန့်ဖြူးလျက်ရှိသော Machine City ကုမ္ပဏီသည် ၂၀၂၃ခုနှစ်၊ ဩဂုတ်လ ၂ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံး၌ တောင်ငူခရိုင်အတွင်းရှိ မုန့်ဖတ်ခြောက်လုပ်ငန်းရှင်များအားတွေ့ဆုံ၍ ၎င်းတို့ကုမ္ပဏီမှထုတ်လုပ်သည့် ထုပ်ပိုးစက် (Packing Machine) များနှင့်ပတ်သက်၍ ရှင်းလင်းပြသခဲ့ပါသည်။

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၇-၈-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဆန်စက်လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ ဆန်စက်များ စွမ်းအားပြည့်ကြိတ်ခွဲနိုင်ရေးနှင့် ဆန်စပါးဈေးနှုန်းများတည်ငြိမ်ရေးတို့နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် မြို့နယ်တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်ဌေးဌေးဝင်းသည်(၂.၈.၂၀၂၃)ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန်တွင် ပွင့်ဖြူမြို့နယ်၊ စံပြကျေးရွာတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ကြီးမှူးကျင်းပသော အမျိုးသမီးအိမ်တွင်းအခြေခံ အပ်ချုပ်သင်တန်းဖွင့်ပွဲ၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော ခြင်းများ ဆောင်ရွက်ခဲ့ရာ သင်တန်းသူ (၂၀)ဦး၊ ဆရာမ(၃)ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူ
