တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်မြို့တွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှု များကိုကြည့်ရှုအားပေးပြီး တည်ဆောက်ရေးလုပ်ငန်းများအားကြည့်ရှုစစ်ဆေး

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ် (၂၆)မြို့နယ်နှင့် ရပ်ကွက်၊ ကျေးရွာများ သန့်ရှင်းသာယာလှပရေး၊ ဘုရားစေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံများနှင့် လမ်းဘေးဝဲယာများတွင် အိမ်၊ လမ်း၊ ရွာ၊ ကျောင်း သန့်ရှင်းသာယာလှပရေးအတွက် တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများမှ အပတ်စဉ်စနေ့နေ့တိုင်း စုပေါင်းသန့်ရှင်းရေးကိုဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့အတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။

     ဦးစွာ  တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ကန်သုံးဆင့်တွင် စုပေါင်း သန့်ရှင်းရေးဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး  တာဝန်ရှိသူများအား ခြုံနွယ်များ စနစ်တကျရှင်းလင်းစေရေးနှင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းတို့ကို အပတ်စဉ် ဆောင်ရွက်ခြင်းများအပြင် နေ့စဉ်သန့်ရှင်းသပ်ရပ်မှုရှိစေရေးကိုလည်း အလေးထား လိုက်နာ ဆောင်ရွက်သွားရန်မှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည်  ပုသိမ်မြို့၊ စက်တော်ရာ ဘိုးဘွားရိပ်သာနှင့် ကမ်းနားလမ်း၊ ထုံးဘိုရပ်၊ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနရုံးရှေ့၌ စိုက်ပျိုးရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ပြည်သူများ စုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်နေမှု များကိုကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများအား အမှိုက်များ စနစ်တကျစွန့်ပစ်စေရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းမှုရှိစေရေး၊ ရေမြောင်းများရေစီးရေလာ ကောင်းမွန်ရေးအတွက် စနစ်တကျ ဆောင်ရွက်ရေး၊  ခြုံနွယ်များစနစ်တကျရှင်းလင်းစေရေးနှင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်း တို့ကို အပတ်စဉ်ဆောင်ရွက်ခြင်းများအပြင် နေ့စဉ်သန့်ရှင်း သပ်ရပ်မှုရှိစေရေးကိုလည်း အလေးထား လိုက်နာဆောင်ရွက်သွားရန်မှာကြားခဲ့သည်။

     ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် ပြည်သူ့ဆေးရုံကြီး၌ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများစုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးပြီး အမှိုက်စို၊ အမှိုက်ခြောက်၊ ဘေးအန္တရာယ်ရှိအမှိုက်၊ ပလတ်စတစ်အမှိုက် သီးခြားခွဲ၍ စွန့်ပစ်စေရေးအတွက်အမှိုက်ပုံးများစနစ်တကျထားရှိရေး၊ ဆေးရုံဝန်းကျင်စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် သန့်ရှင်းရေး ဆောင်ရွက်ခြင်းတို့ကို အပတ်စဉ်ဆောင်ရွက်ခြင်းများအပြင် နေ့စဉ်သန့်ရှင်း သပ်ရပ်မှုရှိစေရေး ကိုလည်း အလေးထား လိုက်နာဆောင်ရွက်သွားရန် မှာကြားခဲ့သည်။  ပုသိမ်မြို့နည်းတူ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာများတွင် ဘုရားစေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံများနှင့် လမ်းဘေးဝဲယာများတွင် အိမ်၊ လမ်း၊ ရွာ၊ ကျောင်း သန့်ရှင်းသာယာလှပရေးအတွက် တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများမှ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

     ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကန်ကြီးထောင့်မြို့နယ်၊ ပြည်သူ့ ဆေးရုံတိုးချဲ့နှစ်ထပ်ဆောင် ဆောက်လုပ်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးက လူနာစောင့်ခန်း၊ သူနာပြုခန်း၊ ဆရာဝန်ခန်း များ ထားရှိမည့်နေရာများနှင့်  တိုးချဲ့ဆောင်အတွက် လိုအပ်သည်များ ကို  လိုက်လံရှင်းလင်း တင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တင်ပြချက်များအပေါ် သက်ဆိုင်ရာ တာဝန်ရှိသူများ နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

     ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကန်ကြီးထောင့်မြို့နယ်၊ တကုန်း ကြီးကျေးရွာရှိ ကန်ကြီးထောင့်မူလတန်းကြိုကျောင်းဆောက်လုပ်နေမှုများကို ကြည့်ရှု စစ်ဆေးခဲ့ရာ ကုမ္ပဏီမှတာဝန်ရှိသူတစ်ဦးက ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် ဆောင်ရွက် ရန်ကျန်ရှိ သည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဆောက်အဦ အရည်အသွေးပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်းပြီးစီးစေရေး မှာကြားခဲ့သည်။

    ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ပုသိမ်) သင်တန်းသား ဆောင်  အလျား(၁၃၆)ပေ၊ အနံ(၄၄) ပေရှိ (၁၀)ခန်းတွဲ RC (၃)ထပ် ဆောက်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်ထားသောစံချိန်စံညွှန်းနှင့် အရည် အသွေးပြည့်မီရေးအပြင် သတ်မှတ်ကာလအတွင်းပြီးစီးစေရေး အလေးထားလိုက်နာ ဆောင်ရွက်ရန်မှာကြားခဲ့သည်။

    ဆက်လက်၍ ပုသိမ်-ငွေဆောင်လမ်းပေါ်ရှိ တွန်ပလွန်တံတားအဆင့်မြှင့်တင်ခြင်း (၂၆၀)ပေ၊ ယာဉ်သွားလမ်းအကျယ် (၂၃)ပေ၊ သံကူကွန်ကရစ်တံတား တည်ဆောက်ရေး လုပ်ငန်းခွင်သို့ ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူတစ်ဦးက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လုပ်ငန်းများဆောင်ရွက်ရာတွင် ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်း စေရေး၊ အရည်အသွေးပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း ပြီးစီးစေရေးအလေးထား ဆောင်ရွက်ရန် မှာကြားခဲ့သည်။

(DOCA ဧရာဝတီ)