သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
11 Aug 2023

     ဆန်စက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်နယ်အတွင်းစားနပ်ရိက္ခာဖူလုံစေရေး၊ ဆန်/ စပါး ရောင်းဝယ်မှု လုပ်ငန်းများစနစ်တကျရှိစေရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူး ဦးသန်းဦးနှင့် ပြည်တွင်းဌာနခွဲတာဝန်ခံ ဦးမျိုးဝင်းနိုင် ဦးစီးအရာရှိတို့သည် ၇-၈-၂၀၂၃ ရက်နေ့ ၊နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံး၌ ကရင်ပြည်နယ်ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

11 Aug 2023

          (၄-၈-၂၀၂၃) ရက်နေ့ နေ့လည် (၁:၀၀) နာရီအချိန်တွင် မြောက်ဦးခရိုင် မင်းပြားမြို့နယ် ရွာပြင်ကျေးရွာအုပ်စု၊ ခေါင်းလောင်းရွာသစ်ကျေးရွာတွင် မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားသော အိမ်ခြေများ ပြန်လည်ထူထောင်ပေးရန် နိုင်ငံတော်မှ ထောက်ပံ့ထားသေားပစ္စည်းများ လက်ခံရရှိခြင်းရှိ/မရှိနှင့် လိုအပ်သည်များကို ပြန်လည်ဖွဲ့စည်းပေးနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခြင်း အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများနှင့် ကျေးရွာသူ/ရွာသား (၈၀) ဦးခန့် တက်ရောက်ခ

11 Aug 2023

         စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ  စစ်ဆေးရေးအရာရှိ ဦးမျိုးဝင်းနိုင်သည် (၇-၈-၂၀၂၃) ရက်နေ့၊ နံနက် (၀၈:၃၀) နာရီအချိန်တွင် ဘားအံမြို့ရှိ  အ.ထ.က (ခွဲ) ၃ ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချနေသော ကုန်စည်များကို ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင် ညွှန်ကြားချက် အမှတ်၊ ၂/၂၀၁၉ နှင့်အညီ ကိုက်ညီမှု ရှိ / မရှိ ‌ဈေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။

11 Aug 2023

          စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ၊ ဦးမျိုးဝင်းနိုင်နှင့် ဝန်ထမ်းများသည် ၇-၈-၂၀၂၃ ရက်နေ့ နံနက် ၁၀:၀၀ နာရီ အချိန်တွင် ဘားအံမြို့ အမှတ်(၅)ရပ်ကွက်၊ အောင်နန်း(၁)လမ်း၊ ဘားအံမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း အ.ထ.က (ခွဲ) - ၃ ကျောင်းအစည်းဝေးခန်းမတွင် ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများကို စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရသည်။

10 Aug 2023

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးငြိမ်းချမ်းသူသည် ၂၀၂၃-ခုနှစ် ဩဂုတ်လ (၃)ရက်နေ့တွင် အင်းတော်မြို့နယ်၊ နားခါကျေးရွာတွင် မုန့်တီလုပ်ငန်း လုပ်ကိုင်လျက်ရှိသော ဒေါ်မြင့်မြင့်အေးနှင့်တွေ့ဆုံ၍ မုန့်တီလုပ်ငန်း ထုတ်လုပ်ပုံ၊ ဈေးနှုန်း၊ ဈေးကွက်အခြေအနေများအား ဆွေးနွေးခဲ့ပါသည်။

Pages