သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
09 Aug 2023

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊  ဓနုဖြူဦးစီးမှူး ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် (၃.၈.၂၀၂၃) ရက်နေ့ (၀၉၃၀)နာရီအချိန်တွင် ဓနုဖြူမြို့ပေါ်ရှိ ဆေးမျိုးစုံရောင်းချသည့်နေသည့် ဆိုင်(၄)ဆိုင်မှ ဒိဌိအမှတ်တံဆိပ်ဆီချိုရောဂါသောက်ဆေး အမှတ်(၁၊)(၂) နှင့် မှတ်ပုံတင်ထားခြင်းမရှိသော ဆေးများရောင်းချခြင်းရှိ/မရှိကို  ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ တိုင်းရင်းဆေးပညာဦးစီးဌာနတို့နှင့်အတူပူးပေါင်း၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြပါသည်။

09 Aug 2023

    ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဇူလိုင်လ(၁၄)ရက်နေ့၊ နံနက်(၁၀:ဝဝ)နာရီ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပသော ရေသန့်၊ ရေခဲစက်နှင့်အအေးခန်းစက်ရုံသုံး အမိုးနီးယားဓာတ်ငွေ့များ၊ လုပ်ငန်းခွင်သုံးဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများ အသုံးပြုမှုဆိုင်ရာသိကောင်းစရာများ ဟောပြောဆွေးနွေးပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။

09 Aug 2023

   ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် စားသုံးသူပြည်သူများဝန်ထုပ်ဝန်ပိုးမဖြစ်စေရေးနှင့် ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းအတိုင်း ဝယ်ယူရရှိနိုင်ရေးအတွက် ရောင်းသူမှ ဝယ်သူသို့ တိုက်ရိုက်ရောင်းချခြင်းဖြင့် ကရင်ပြည်နယ်အတွင်း ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ကျဆင်းနိုင်စေရန် ကရင်ပြည်နယ် ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့်ကျဆင်းရေးကော်မတီက ဘားအံမြို့ ကန်သာယာတွင် စနေနေ့အခွန် လွတ်ဈေးအား အပတ်စဉ် ဖွင့်လှစ်ရောင်းချပေးလျက်ရှိကြောင်းသိရသည်။

09 Aug 2023

         စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်း ရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက် အတွင်းမှ ပပျောက်သွားစေရေးနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပြဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားမှု အခြေအနေတို့နှင့်စပ်လျဉ်း၍   လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး အသိပညာ‌ပေးခြင်းလုပ်ငန်းများအား တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင် လစဉ်ဆောင

09 Aug 2023

 ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နှောင်းနှောင်းဝင်း (ဒု-ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် ၂.၈.၂၀၂၃ရက်နေ့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဗန်းမော်မြို့ရှိ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၊ အောင်ဆန်းခန်းမ၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

Pages