သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
09 Aug 2023

   တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲ‌ရေးဦးစီးဌာနနှင့် ခရိုင်အသေးစားစက်မှုူလက်မှုလုပ်ငန်းဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ သြဂုတ်လ (၄) ရက်နေ့တွင် အခြေခံပညာမူလတန်း (လွန်) ကျောင်းရှိ ကျောင်းသား/ကျောင်းသူများအား ဘေးအန္တရာယ်ကင်းရှင်းသောစားသောက်ကုန်များ ဝယ်ယူစားသုံး‌စေရေး ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာသိကောင်းစရာများဟောပြောခဲ့ပါ သည်။

09 Aug 2023

  (၂၇-၇-၂၀၂၃) ရက်နေ့၊       နံနက် (၁၁:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံး၌ ငွေစာရင်းအကြောင်းသိကောင်းစရာခေါင်းစဉ်ဖြင့် “ThursdayTalk” အသိပညာပေးဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

09 Aug 2023

      ရန်ကုန်တိုင်းဒေသကြီးသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်မည့် စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကရင်ပြည်နယ်ဦးစီးမှူး ဦးခင်မောင် မောင်အုန်းအား စားသုံးသူရေးရာဦးစီးဌာန ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ဂုဏ်ပြု နှုတ်ဆက်ခြင်း နှင့် ဝန်ထမ်းစုပေါင်းမိတ်ဆုံ စားပွဲအခမ်းအနားအား စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးတွင် ၄-၈-၂၀၂၃ ရက်နေ့ နံနက် ၁၁း၀၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

09 Aug 2023

    စီးပွား‌‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားကုန်ဈေးနှုန်းများကို အပတ်စဉ် မေးမြန်းတင်ပြလျက်ရှိရာ ဩဂုတ်လ ပထမပတ်တွင်  ရွှေဘိုမြို့၌ စားသုံးဆီဈေးနှုန်းများ အနည်းငယ်ကျဆင်းလျက်ရှိကြောင်း စားသုံးဆီအရောင်းဆိုင်များမှ သိရသည်။

09 Aug 2023

    စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူး၊မြို့နယ်တာဝန်ခံ နှင့်ဝန်ထမ်းများသည် စားသုံးသူကာကွယ်ပေးရေး၊ အသိပညာများတိုးပွားရရှိစေရေး အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကျင်းပသော “လူငယ်စကားဝိုင်း”နှင့် ပူးပေါင်း၍ ဇူလိုင်လ ၃၁ ရက်၊ နံနက် (၁၀:၃၀)နာရီအချိန်က မုံရွာမြို့၊ အ.ထ.က(၃) အထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြန်/ဆက်ခရိုင်ဦးစီးမှူး၊ဆရာ/ဆရာမများနှင့် ကျောင်း သား၊ ကျောင်းသူ စုစုပေါင်းအင်အား (၁၂၀)ဦး တက်ရောက်ခဲ့ကြကြ

Pages