သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးလက်ထောက်ညွှန်ကြားရေးမှူးနှင့် တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးစီးအရာရှိ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ တိုင်းဒေသကြီး အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၂၈.၇.၂၀၂၃)ရက်နေ့၊ နံနက်(၁၀)နာရီ အချိန်တွင် မုံရွာမြို့၊စက်မှုဇုံရပ်ကွက်ရှိ “သိဒ္ဓိ” ဆီစက်ပိုင်ရှင် ဦးအောင်သူဝင်းနှင့် တွေ့ဆုံ၍ ဆီစက်များ လည်ပတ်ကြိတ်ခွဲမှု အခြေအနေများ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းနှင့် လုပ်ငန်းရှင်တွေ့ဆုံ ဆွေးနွေး

ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီမြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် တားမြစ်ထားသည့် ဆေးဝါးများအား ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခြင်းကို ၂၇.၇.၂၀၂၃ ရက်နေ့ ၊ နံနက် ၁၀ : ၀၀ နာရီအချိန်တွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန ၊ စည်ပင်သာယာရေးဦးစီးဌာန ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနအဖွဲ့တို့ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည် ။

ပဲခူးတိုင်းဒေသကြီး ၊ နတ်တလင်းခရိုင် ၊ ဇီးကုန်းမြို့နယ်၌ (၂၈.၇.၂၀၂၃) ရက်နေ့ ၊ နေ့လယ် (၁၅ : ၃၀) နာရီတွင် မြို့နယ်အတွင်း ကိုယ်တိုင် ၊ စိုက်ပျိုး ၊ မွေးမြူသူများအား သွင်းအားစုပြတ်လပ်မှုကြောင့် လုပ်ငန်းတိုးတက်မှု အခက်အခဲမရှိစေရေးနှင့် သင့်တင့်သော ဈေးနှုန်းဖြစ်စေရေးအတွက် ဆန်စက်လုပ်ငန်းရှင်များကို သက်ဆိုင်ရာဌာနများနှင့် ကူညီဆောင်ရွက်ဆွေးနွေးခဲ့ပါသည်။

ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ၊ မိုးညိုမြို့နယ်တွင် အစေ့ထုတ်ပြောင်း စိုက်ဧက (၈၈၇၉) ရှိရာ ထွက်ရှိလာသော အစေ့ထုတ်ပြောင်းများအား ကုန်သည်ကြီးများမှ ဝယ်ယူသိုလှောင်ခြင်း၊ တောင်သူများမှ လည်း ကုန်သည်ကြီးများထံတွင်အပ်နှံပြီး မိမိတို့လိုအပ်သောအချိန်နှင့် ပြောင်းဈေးကောင်းရရှိသည့်အချိန်တို့တွင် ပြန်လည်ရောင်းချလျက်ရှိရာ ယခုအခါတွင် ပြောင်းတစ်တင်းဈေးနှုန်းမှာ ပိဿာ(၂၀)လျှင် (၂၃၀၀၀) ကျပ် ဈေးရရှိနေပါသည်။

ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ၊ အုတ်ဖိုမြို့နယ် ၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ပြည်တွင်းပြည်ပမှတင်သွင်းလာသော ကုန်စည်နှင့် ဝန်ဆောင်မှုများအပေါ် စားသုံးသူပြည်သူများ ဘေးဥပါဒ်အန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရေး၊ စားသုံးသူအခွင့်အရေးနှင့် စားသုံးသူအကျိုးစီးပွားကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို အစဉ်ဆောင်ရွက်လျက်ရှိရာ (၂၆.၇.၂၀၂၃) ရက်နေ့တွင် အုတ်ဖို မြို့ရှိ မြို့မဈေးသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို လုပ်ဆောင်ခဲ့ကြပါသည်။