သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးသိန်းမောင်သည် ၂၀၂၃ခုနှစ်၊ ဩဂုတ်လ(၃)ရက်နေ့၊ နေ့လည်(၁၃:၀၀)နာရီအချိန်တွင် အမှတ်(၃)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဒေးဒရဲမြို့နယ်အေဝမ်းဈေးရှိ ကုန်မျိုးစုံရောင်းချသူ လုပ်ငန်းရှင်(၉)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ကျင်းပဆောင်ရွက်ခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၃ခုနှစ်၊ ဩဂုတ်လ(၃)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ဘိုကလေးမြို့ ရုပ်ဆိုင်ကျေးရွာ ဇေယျာသိင်္ဂီဝင်းဆန်စက်သို့ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးလက်အောက်ရှိ ကျောက်တန်းမြို့နယ်တာဝန်ခံ ဒေါ်ဝိုင်းအိတာသည်(၃၁-၇-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီချိန်တွင် ကျောက်တန်းမြို့နယ်၊ အ.မ.က(ရွှေကုန်းမူလွန်ကျောင်း)၌ Grade(6) ကျောင်းသူ/ကျောင်းသားများအား စားသုံးသူ ကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့် စားသုံးသူပြည်သူများ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်၊ စီးပွားရေးလုပ်ငန်းရှင်များ စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်နိုင်စေရန်အတွက် တိုင်း၊ ခရိုင်၊ မြို့နယ်အလိုက် စားသုံးသူကာကွယ်ရေး အသိပညာပေး လုပ်ငန်းများ၊ စားသုံးသူတိုင်ကြားမှုဖြေရှင်းခြင်းလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လအတွင်း တိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့် မုံရွာမြို့၊ စီးပွားရေးတက္ကသိုလ်တွင်လည်းကောင်း၊ မုံရွာမြ

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ချေးငွေရရှိသူတောင်သူအစုအဖွဲ့ (၂၃) ဖွဲ့အား ချေးငွေပေးအပ်ပွဲအခမ်းအနားကို လှည်းကူးမြို့နယ်၊ ရဲမွန်ကျေးရွာအုပ်စု၊ မြစိမ်းရောင်ဘက်စုံစိုက်ပျိုးမွေးမြူရေးစခန်း၌ (၂၈၀-၇-၂၀၂၃) ရက်နေ့၊ နံနက် (၉:၀၀) နာရီအချိန်တွင် ပြုလုပ်ကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးဆောင်သော အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ ခရိုင်
