သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
01 Dec 2020

    ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင်  ထွန်ယက် တောင်သူအကျိုးပြု ကုမ္ပဏီလီမိတက်မှ ၂၀၂၀ ပြည့်နှစ် မိုးစပါးရာသီတွင် ဟင်္သာတမြို့နယ်၊ တောင်လုံးစုအုပ်စု၊ ပခန်းရွာ နှင့် ကျုံတုံးအုပ်စု၊ ရဲကွင်းရွာ၊ တလုတ်ကုန်းကျေးရွာတို့တွင်  တောင်သူများနှင့် အကျိုးတူပူးပေါင်း၍ Riceberry စပါးမျိုး (၂၅) ဧကကိုစမ်းသပ်စိုက်ပျိုးခဲ့ပါသည်။ အဆိုပါ စပါးမျိုးသည် ထိုင်း ငချိတ်နှင့် ထိုင်း စံပယ် ဆန်မွှေးတို့ကို မျိုးစပ်ထားသော စပ်မျိုးစပါးဖြစ်ပြီး ထိုင်းနိုင်ငံမှတ်ပုံတင်

01 Dec 2020

     ၁၂.၁၁.၂၀၂၀ ရက်နေ့မှ ၁၃.၁၁.၂၀၂၀ ရက်နေ့ထိ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့၊ အုတ်ကျင်းရပ်ကွက်၊ ဟဲလုံရပ်ကွက်၊ စက်ကုန်းရပ်ကွက်၊ မြို့မရပ်ကွက်၊ အောင်သပြေရပ်ကွက်နှင့် အရှေ့စုရပ်ကွက်အတွင်းရှိ ဆေးဆိုင်များတွင် မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ် ကွပ်ကဲရေးကော်မတီအဖွဲ့ဝင်များနှင့်ပူးပေါင်း၍  အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီး ဌာန၏ သတ်မှတ်ချက်များနှင့်(စံမညီ)သောဆေးဝါးများ ရောင်းချခြင်းရှိ မရှိ စစ်ဆေးခဲ့ရာ ရောင်းချခြင်းမရှိကြောင်း တွေ့ရှိရပါသည်။

24 Nov 2020

          တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ သည် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၁၆ ရက်နေ့၊ နံနက်(၀၈:၃၀)နာရီအချိန်မှစ၍ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ် တိုင်းရင်းဆေးပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍  မြိတ်မြို့၊ သီဟဇေယျာ(မြို့သစ်)စျေးကြီးရှိ ဆေးဆိုင် များနှင့်အလှကုန်ဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

24 Nov 2020

      ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၁၇ ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများသည်  ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ တိုင်းရင်းဆေးပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍  ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက် မြို့မစျေးကြီးရှိ စားသောက်ကုန်များနှင့်အလှကုန်ဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

24 Nov 2020

          ၁၁.၁၁.၂၀၂၀ ရက်နေ့တွင် ကချင်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ကချင်ပြည်နယ် Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီတို့ ပူးပေါင်း၍ Covid-19 ကူးစက်ရောဂါ ကြောင့် စားဝတ်နေရေး အခက်အခဲမဖြစ်စေရန် မြစ်ကြီးနားမြို့နယ် စီတာပူရပ်ကွက်၊ မန်ခိန်ရပ်ကွက်၊ ရွှေစက်ရပ်ကွက်၊ တပ်ကုန်းရပ်ကွက်များရှိ လက်လုပ်လက်စား အိမ်ထောင်စုပေါင်း (၄၃၉၅)စု အား အိမ်ထောင်စု တစ်စုလျှင် ၂၀၀၀ဝိ/-  ( ကျပ်နှစ်သောင်း ) နှုန်းဖြင့် ဝေငှပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Pages