မအူပင်မြို့နယ်မှ ဆန်စက်လုပ်ငန်းရှင်များအား Myro တွင် မှတ်ပုံတင်သက်တမ်းပြည့်မှီသူများအား ထပ်မံသက်တမ်းတိုးဆောင်ရွက်ရေးနှင့် စပါး/ဆန် လက်ကျန်စာရင်း ဖြည့်သွင်းနိုင်ရေး အသိပညာပေးခြင်း

Powered by Drupal

   မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင်ဦးစီးမှူးဦးအောင်ဇော်ဦးသည် မအူပင် ဆန်စက်ပိုင်ရှင် လုပ်ငန်းရျင်များအား Myro တွင် မှတ်ပုံတင်သက်တမ်းပြည့်မှီသူများအား ထပ်မံသက်တမ်းတိုးဆောင်ရွက်ရေးနှင့် စပါး/ဆန် လက်ကျန်စာရင်း ဖြည့်သွင်းနိုင်ရေးအတွက် ၁၃-၈-၂၀၂၅ ရက်နေ့ နေ့လည် ၂နာရီအချိန်က ဆက်သွယ်ဆောင်ရွက် ကွင်းဆင်းခဲ့ကြောင်း သိရသည်။

    ဆောင်ရွက်ရာတွင် မအူပင်ခရိုင်အနေဖြင့် ဆန်စက်နှင့် ဆန်သိုလှောင်သူလုပ်ငန်းရှင်များ ရှိသဖြင့် ၂၀၂၃ခုနှစ် နိုဝင်ဘာလ(၃)ရက်နေ့မှ စတင်၍ ဆန်တန်ချိန် ၂၅နှင့် အထက် သိုလှောင်ရုံ သို့မဟုတ် စပါး တင်း ၂၅၀၀ နှှင့်အထက် သိုလှောင်မှုများအား မှတ်ပုံတင်လုပ်ငန်းဆောင်ရွက်လျက်ရှိပြီး သက်တမ်း၁နှစ်ပြည်မှီသူများ ထပ်မံသက်တမ်းတိုးဆောင်ရွက်ရန် မအူပင် လုပ်ငန်းရှင်တို့အား ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးက ရှင်းလင်းခဲ့ပြီး၊ လစဉ ်လဆန်း၇ ရက်အတွင်း လူပ်ငန်းရှင်များမှ မြေပြင်အခြေအနေမှန် သိုလှောင်ရုံများ၏ ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းများအား ဖြန့်သွင်းကြရန် မအူပင်လုပ်ငန်းရှင်များကို ဖုန်းဖြင့်ဆက်သွယ်၍ မိမိတို့ MyRo Account တွင်ဆောင်ရွက်ရန်ကို အသိပေးအကြောင်းကြားလျက်ရှိပြီး  လုပ်ငန်းရှင်များ ကိုယ်တိုင်လုပ်ဆောင်တက်ရန်ကိုလည်း ပထမအကြိမ် အသိပညာပေးဆောင်ရွက်ခဲ့ကြောင်းနှင့် ဆက်လက်လုပ် ဆောင်ရန် မြေပြ်ငအခြေအနေများကိုလည်း ကြပ်မတ်ဆောင်ရွက် လျက်ရှိကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)