သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
09 Aug 2023

   ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင့်နှင့် ဝန်ထမ်းများသည် (၃.၈.၂၀၂၃) နေ့တွင် ညောင်တုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ညောင်တုန်းဆီစက်လုပ်ငန်းရှင်အသင်း အဖွဲ့ဝင်(၁၂)ဦးနှင့်တွေ့ဆုံ၍ ဆီစက်ကုန်ကြမ်းရရှိမှု၊ ဆီစက်ကြိုတ်ခွဲမှု၊ ဆီဈေးကွက်အခြေအနေနှင့် ဆီလုပ်ငန်းရှင်များအသင်းအစည်းအဝေးနှင့် စားသုံးသူကာကွယ်ရေးအသိပညာပေးတွေ့ဆုံဆွေး နွေးခဲ့ပါသည်။

09 Aug 2023

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စားသုံးဆီတင်သွင်း၊ သိုလှောင်၊ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်းပြီး ပြည်ပမှ တင်သွင်းလာသည့် စားသုံးဆီများ သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းများနှင့် ပြည်မီစေရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့် ညီညွှတ်သော စားသုံးဆီများကို သုံးစွဲနိုင်ရေး စျေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်ရေး စားအုန်းဆီ ကမ္ဘာ့စျေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် စျေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန

09 Aug 2023

  ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းထွန်း၊ မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့်ဝန်ထမ်းများသည် (၃.၈.၂၀၂၃) ရက်နေ့က ဓနုဖြူမြို့နယ်ရှိ အုန်းချိုမွေးလုပ်ငန်းသို့သွားရောက်၍ လုပ်ငန်းရှင်အသိပညာပေးဆွေးနွေးမှုများပြုလုပ်ခဲ့ကြပါသည်။

09 Aug 2023

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊  ဓနုဖြူဦးစီးမှူး ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် (၃.၈.၂၀၂၃) ရက်နေ့ (၀၉၃၀)နာရီအချိန်တွင် ဓနုဖြူမြို့ပေါ်ရှိ ဆေးမျိုးစုံရောင်းချသည့်နေသည့် ဆိုင်(၄)ဆိုင်မှ ဒိဌိအမှတ်တံဆိပ်ဆီချိုရောဂါသောက်ဆေး အမှတ်(၁၊)(၂) နှင့် မှတ်ပုံတင်ထားခြင်းမရှိသော ဆေးများရောင်းချခြင်းရှိ/မရှိကို  ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ တိုင်းရင်းဆေးပညာဦးစီးဌာနတို့နှင့်အတူပူးပေါင်း၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြပါသည်။

09 Aug 2023

    ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဇူလိုင်လ(၁၄)ရက်နေ့၊ နံနက်(၁၀:ဝဝ)နာရီ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပသော ရေသန့်၊ ရေခဲစက်နှင့်အအေးခန်းစက်ရုံသုံး အမိုးနီးယားဓာတ်ငွေ့များ၊ လုပ်ငန်းခွင်သုံးဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများ အသုံးပြုမှုဆိုင်ရာသိကောင်းစရာများ ဟောပြောဆွေးနွေးပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။

Pages