
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန မြိုနယ် တာဝန်ခံရုံးတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ ပူပေါင်း၍ စားသုံးဆီ ထုတ်လုပ်ဖြန့် ဖြူးရောင်းချနေသည့် အသေးစား၊ အငယ်စား၊ အလတ်စား ကုန်ထုတ်လုပ်ငန်းရှင်များအား ကုန်ထုတ်လုပ်မှုနှင့်စပ်လျဉ်း၍ စားသုံးဆီအရည်အသွေးပြည့်မှီရေး အသိပညာပေး ဆွေးနွေးခြင်းကို ဩဂုတ်လ ဒုတိယပတ်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါဆွေးနွေးပွဲတွင် စားသုံးဆီ ထုတ်လုပ်ဖြန့် ဖြူးရောင်းချနေသည့်လုပ်ငန်ရှင်များအား မြို့နယ်အုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကားပြောကြားခြင် ပဲခူးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ အစားအသောက်လုပ်ငန်းများအတွက် ကောင်းမွန်သော ထုတ်လုပ်မှု ကျင့်စဉ်နှင့် ထောက်ခံချက်လျှောက်ထားရာတွင် လိုအပ်ချက်များ ကုန်အညွှန်းအမှတ် တံဆိပ်ဆိုင်ရာ သတ်မှတ်ချက်များ အသေးစိတ်ရှင်းလင်းခြင်း၊ စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးမှ စားသုံးသူ ကာကွယ်ပေးရေးဆိုင်ရာဥပဒေပါအကြောင်းအရာနှင့် စားသုံးဆီရောင်းချခွင့်ရ ကိုယ်စားလှယ်များ လိုက်နာရန်အချက်များအား ရှင်းလင်းခြင်း၊ စားသုံးသူရေးရာမြို့နယ်တာဝန်ခံမှ ဥပဒေပါ ကုန်အညွှန်း အမှတ်အသားအကြောင်းများနှင့် ပတ်သတ်၍ အသိပညာပေးဟောပြောခဲ့ပြီး လုပ်ငန်းရှင် (၁၅)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။