ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးမြင့်နိုင်(ဦးစီးအရာရှိ)ဦးဆောင်၍ ဝန်ထမ်း(၂)ဦး၊ ကျောင်းကျန်းမာရေးအဖွဲ့တို့ပူးပေါင်း၍ (၇.၈.၂၀၂၅)ရက်နေ့ ၊နံနက်(၁၀:၀၀)နာရီ အချိန်တွင် ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန်ကျေးရွာ၊ အခြေခံပညာအထက်ကျောင်းတွင်လည်းကောင်း၊ (၈.၈.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ပုဗ္ဗသီရိမြို့နယ်၊ ရတနာဒီပရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်းတို့ရှိ ကျောင်းမုန့်ဈေးတန်းများသို့ သွားရောက်စစ်ဆေးခဲ့ရာ ကျောင်းမုန့်ဈေးတန်းရောင်းချသူများအား ကုန်ညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ပြည့်စုံ မှန်ကန်စွာဖော်ပြထားရှိသောကုန်စည်များ ရောင်းချမှုရှိ/ မရှိ စစ်ဆေးခဲ့ကြပြီး စတင်ထုတ်လုပ်သည့် ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲမပါသောမုန့်များ ရောင်းချခြင်းမပြုရန်၊ အစားအသောက်များကို သန့်ရှင်းသပ်ရပ်စွာရောင်းရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ ကုန်ညွှန်းအမှတ်အသား နှင့်စပ်လျဉ်း၍ ကုန်ညွှန်းအမှတ်အသားပြည့်စုံစွာပါရှိသော ကုန်စည်များကိုသာ ရောင်းချမှုပြုရန် စသည့် အကြောင်းအရာများကို ရှင်းလင်းမှာကြား၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိ ရပါသည်။
DOCA(ပြည်ထောင်စုနယ်မြေ)