“ရမည်းသင်းမြို့နယ်အတွင်းရှိ Amber ဝိုင်ထုတ်လုပ်သည့် လုပ်ငန်းရှင်တွေ့ဆုံဆွေးနွေးခြင်း”

Powered by Drupal

   မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်၊ ခံဘူးကျေးရွာ၌ Amber” ဝိုင် ထုတ်လုပ်ရောင်းချနေသော လုပ်ငန်းရှင်သည် ၎င်း၏အမှတ်တံဆိပ်တွင် ထည့်သွင်း ဖော်ပြသွားမည့် ကုန်အညွှန်းအမှတ်အသားများတွင် စားသုံးသူကာကွယ်‌ရေးဥပဒေပြဌာန်းချက်များနှင့် ကိုက်ညီမှုရှိ/ မရှိနှင့် လိုအပ်ချက်များ ပြင်ဆင်ပြုပြင်နိုင်ရန်အတွက် စိစစ်ဆောင်ရွက်ပေးပါရန်၂၀၂၅ ခုနှစ်၊ ဩဂုတ် လ ၁၃ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၌  တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

          အဆိုပါတွေ့ဆုံမှုအရ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ၊ ဒေါ်ချောစုထွေးမှ အစား အသောက်အမျိုးမျိုးတွင် ကုန်စည်အမျိုးစားအလိုက် ကုန်အညွှန်းအမှတ်သားများအား ပြည့်စုံစွာ ဖော်ပြရန်အတွက် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် ထုတ်ပြန်ထားရှိသည့် ကုန်အညွှန်း အမှတ် အသား‌ဖော်ပြခြင်းဆိုင်ရာ အမိန့်ကြေငြာစာ (၂/၂၀၁၉)အား ထုတ်ပြန်ထားရှိကြောင်းကို လည်းကောင်း၊ ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတွဲ လျှက်ဖြစ်စေ ဖော်ပြရမည့်အချက်အလက်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပြီး ဌာနသို့စိစစ်ဆောင်ရွက် ပေးပါရန် တင်ပြလာမှုအပေါ် ကူညီဆောင်ရွက်ပေးမှုများ ပြုလုပ်ခဲ့ပါသည်။

DOCA(မန္တလေး)