
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမတွင် ဩဂုတ်လ ၁၇ ရက်နေ့ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီးနှင့်ဆန်စက် လုပ်ငန်းရှင်၊ဆန်ကုန်သည် ၊ဆီကြိတ်စက် လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ရာ စားသုံးသူရေးရာဦးစီးဌာန ၊ဒုတိုင်းဦးစီးမှူး ဦးထွန်းထွန်းတက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် ဒုတိုင်းဦးစီးမှူးဦးထွန်းထွန်းက စပါးကြိတ်ခွဲရာတွင် ဆန်အကျိုး သက်သာစေရန် အခြောက်ခံစက်များလိုအပ်မှု paddy Dryer များ၏ အားသာချက် ဆန်ကြိတ် ခွဲထုတ်လုပ်မှု အရည်အသွေးမြှင့်မားရေးဒေသတွင်း ဆီ စားသုံးမှုဖူလုံစေရန် စိုက်ပျိုးထားရှိသော မြေပဲ၊နှမ်း၊နေကြာ၊ပဲပုတ် ထွက်ရှိမှုမှ မျိုးအလေအလွင့် အခြားစားသုံးမှုတို့ကိုနှုတ်ပယ်ပြီး ကျန်ရှိသည့်သီးနှံများ ဆီကြိတ်ခွဲထုတ်လုပ်၍ တိုင်းအတွင်း ဆီဖူလုံမှုတိုးတက်စေရေးအတွက် စိစစ်တွက်ချက်မှုများကို စားသုံးသူ၊စိုက်ပျိုးရေး၊ စက်မှုကြီးကြပ်ဌာနများ ပေါင်းစပ်တွက်ချက်မှုများအား စီးပွားရေးရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေး၍ ဒေသတွင်း စားသုံးဆီဖူလုံစေရေးအတွက် ဆွေးနွေးခဲ့ပါသည်။
(DOCA ဧရာဝတီ)