သတင်းနှင့် လှုပ်ရှားမှုများ
အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းအတွက် မှတ်ပုံတင်ခြင်းဆိုင်ရာအမိန့်ကြော်ငြာစာနှင့်ပတ်သက်၍ လုပ်ငန်းမှတ်ပုံတင်လျှောက်ထားရမည့်အချက်များကို Online Sales Bussiness လုပ်ငန်းဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းရှင်က စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးသို့လာရောက်ဆွေးနွေးခဲ့ကြောင်းသိရပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ (၂၆.၇.၂၀၂၃)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားစေရန်ရည်ရွယ်၍ (၁၀/၂၀၂၃)ကြိမ်မြောက် Thursday Talk ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြု အသိပညာပေးဟောပြောဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ဝန်ထမ်း(၉)ဦး တက်ရောက်ခဲ့ပါသည်။

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တောင်သူလယ်သမားများကို နိုင်ငံတော်ပိုင် စက်ရုံများဖြစ်သည့် မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ် ကျော်စွာ အမှတ်(၃) ဓါတ်မြေဩဇာစက်ရုံ၊ ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်၊ မြောင်းတကာ အမှတ်(၄) ဓါတ်မြေဩဇာစက်ရုံနှင့် ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ် အမှတ်(၅) ဓါတ်မြေဩဇာစက်ရုံတို့မှ ထုတ်လုပ်သည့် အရည်အသွေးကောင်းမွန်သော ဓါတ်မြေဩဇာများကို တစ်အိတ်လျှင် ကျပ်သုံးသောင်းနှုန်းဖြင့် ဖြန့်ဖြူးရောင်းချသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ပဲခူးတိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် သာယာဝတီခရိုင်ဦးစီးမှူးကကြီးကြပ်၍ မင်းလှမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနသည် မိတ်ဖက်အဖွဲ့အစည်းဖြစ်သော ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်းကာ မင်းလှမြို့နယ်၊ ဇရစ်ချောင်းကျေးရွာအုပ်စု၊ ဆင်အိုင်ကျေးရွာ၊ အခြေခံမူလတန်းကျောင်းသို့ (၂၁-၇-၂၀၂၃) ရက်နေ့တွင်သွားရောက်ပြီး စားသုံးသူအသိပညာပေးဆွေးနွေးဟောပြောခဲ့ပါသည်။

ပဲခူးခရိုင်တွင် ကုန်စည်ဒိုင်တစ်ခု ဖွံ့ဖြိုးတိုးတက်အောင်မြင်နိုင်ရန်အတွက် တိုင်းဒေသကြီး အစိုးရ အဖွဲ့၏ စီစဉ်လမ်းညွှန်မှုအရ ၊ ပဲခူးခရိုင်အတွင်းရှိ ဆန်စက်လုပ်ငန်းရှင် ၊ ပဲနှမ်းရောင်းဝယ်ရေး လုပ်ငန်းရှင်၊ လက်လီအရောင်းဆိုင်လုပ်ငန်းရှင်၊ ဆီလုပ်ငန်းရှင်များပါဝင်ပြီး (၃.၇.၂၀၂၃ ) ရက်နေ့ တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် အကြိုညှိနှိုင်း ဆွေးနွေး ဆောင်ရွက်ခဲ့ပြီး၊ (၁၀.၇.၂၀၂၃) ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးဝန်ကြီး ဦးတင်ဦးမှ ဦးဆောင်၍ စည်
