သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
20 Jul 2022

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ အိမ်မဲ မြို့နယ်တာဝန်ခံဦးလေးလွင်သည်(၁၃.၇.၂၀၂၂)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်က အိမ်မဲမြို့နယ် အထက်ပိုင်းရပ်ကွက် မုန့်မျိုးစုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ ပါသည်။

20 Jul 2022

          စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၂ခုနှစ်၊ ဇူလိုင်(၁၅) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်း(၆)ဦးသည် လွိုင်ကော်မြို့နယ်၊ မင်းစုရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းသား/ကျောင်းသူ စုစုပေါင်း  (၃၅၀)ဦးကို စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။

20 Jul 2022

          စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းတင်ဦးဆောင်၍ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၁)ဦးသည်စားသုံးသူ၏ အခွင့်အရေးများ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ ကုန်အမှတ်တံဆိပ်တွင်ပါဝင်ရမည့် ကုန်အညွှန်းအမှတ်အသားများ  မြန်မာလိုဖော်ပြရမည့်အချက်အလက်များအား လုပ်ငန်းရှင်များက သိရှိလိုက်နာကြစေရန် ရည်ရွယ်၍ ဇူလိုင်လ ၁၄နေ့တွင် စစ်ကိုင်းမြို့၊ပိုးတန်းရပ်ကွက်ရှိ ရွှေမြင့်မိုရ်ပေါင်မုန့်၊ ကိတ်မုန့် လုပ်ငန်းရှင်နှင့် တွေ

20 Jul 2022

         စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူး ဒေါ်သန်းသန်း‌တင်သည် ခရိုင်အသေးစားလက်မှုလက်မှုဦးစီးဌာန၊ သင်တန်းခန်းမ၌ ဇူလိုင်လ(၆)ရက်နေ့၌ ကျင်းပလျှက်ရှိသည့် တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်း( Bakery) အမှတ်စဉ်(၃/၂၀၂၂)တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

20 Jul 2022

              မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး၌ ၁၄.၇.၂၀၂၂ ရက်နေ့ ၁၁:၀၀ နာရီအချိန်တွင် မွန်ပြည်နယ် စားသုံးဆီနှင့်ပတ်သက်၍ လိုအပ်ချက်နှင့်ဆောင်ရွက်သင့်သည့် အစီအမံများ ပြုစုတင်ပြရေး ကော်မတီညှိနှိုင်း အစည်းအဝေးကိုကျင်းပပြုလုပ်ခဲ့ရာ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မွန်ပြည်နယ် စားသုံးဆီနှင့် စားသောက်ကုန်စည်ရောင်းဝယ်ရေး အသင်းမှ အသင်းဝင်များ၊ စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများ စုစုပေါင်း (၁၄) ဦးတက်ရောက်ခဲ့‌ကြောင်း သိရှိရ

Pages