သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
07 Aug 2023

     မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ ရွှေစည်းခုံဘုရား၌ (၁၈-၇-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးကဦးဆောင်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ပူးပေါင်း၍ ပုဂံ၊ ညောင်ဦးဒေသထွက်ကုန် လက်ဆောင်ပစ္စည်းထုတ်လုပ်ရောင်းချသော စီးပွားရေးလုပ်ငန်းရှင်များအား အသိပညာပေးဟောပြောဆွေးနွေးမှုများဆောင်ရွက်ခဲ့ကြပါသည်။

07 Aug 2023

     တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်တွင် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၂၅ရက်နေ့ နံနက် (၉:၃၀) နာရီအချိန်တွင် ကော့သောင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အသေးစားနှင့်စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူပူးပေါင်း၍ မြို့မဈေးတွင် လက်ကားဆီအရောင်းဆိုင် (၅) ဆိုင်အား (CCPBM) ကုမ္ပဏီမှထုတ်လုပ်သည့် Sprite® အမှတ်တံဆိပ်အချိုရည်နှင့်ပုံစံတူသည့်အပြင် ကုန်အညွှန်းအမှတ်အသားမှ

07 Aug 2023

    (၂၇-၇-၂၀၂၃) ရက်နေ့၊ နံနက် (၁၁း၀၀ )နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဘားအံခရိုင်ဦးစီးမှူး ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်နှင့် ဝန်ထမ်းများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘားအံခရိုင်ရုံး၌  MSME များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ (Talk show) အသိပညာပေးဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

07 Aug 2023

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ဝန်ကြီးဌာန၊ ကရင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံ ဒေါ်သီတာဌေးသည်  (၂၆-၇-၂၀၂၃) ရက်နေ့ (ဗုဒ္ဓဟူးနေ့)၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ကရင်ပြည်နယ်၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၌ကျင်းပသော MSME လုပ်ငန်းကော်မတီ၏ (၁/၂၀၂၃) ဆုံးဖြတ်များပြီးပြတ်အောင်ဆောင်ရွက်မည့်အစီအစဉ်များအတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲသို့တက်ရောက်ခဲ့ကြောင်းသိရှိရသည်။

07 Aug 2023

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်သည် (၂၆-၇-၂၀၂၃) ရက်နေ့၊ နံနက် (၁၁:၃၀) နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်းကာ စားသုံးသူပြည်သူများအား မော်ကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ စားသုံးသူအသိပညာပေး  Talk  Show  ပြုလုပ်ခဲ့ပါသည်။

Pages