သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာနတွင် တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို၂၀၂၃ခုနှစ်၊ ဇူလိုင်လ (၂၅) ရက်နေ့ ၊ နံနက် (၁၀:၀၀) နာရီတွင် Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်မြို့ စက်မှုစီမံကိန်းရုံးတွင် မြန်မာ့နိုင်ငံဆန်စပါးအသင်းချုပ် (MRF) မှ တိုင်းဒေသကြီးအတွင်း ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု ၊ စပါးဝယ်ယူကြိတ်ခွဲသိုလှောင် တင်ပို့ရောင်းချမှုအခြေအနေများ ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်းတည်ငြိမ်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လအတွင်း ကျင်းပပြုလုပ်ခဲ့ရာ မြန်မာ့နိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်နှင့် တာဝန်ရှိသူများ၊ တိုင်းအတွင်းရှိ ဆန်စက်ပိုင်ရှင်များအသင်းဥ
.jpg?itok=Xo-rkj50)
စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (၂၇) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပြည်နယ်စားသုံးသူရေးရာကော်မတီအဖွဲ့ဝင်များနှင့်ပူးပေါင်းကာ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်အတွက် လွိုင်ကော်မြို့ပေါ်ရှိ စားသုံးဆီအမျိုးမျိုးထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင် (၁၆) ဦးနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူပြည်သူများအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသည့် ကုန်စည်နှင့် ဝန်ဆောင်မှုများကို ရွေးချယ်ဝယ်ယူအသုံးပြုတတ်စေရေးအတွက် စားသုံးသူအသိပညာပေးဟောပြောပွဲများကို လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးမျိုးဝင်းနိုင်(ဦးစီးအရာရှိ)နှင့်ဝန်ထမ်းများသည် (၂၈-၇-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် အမှတ် (၇) ရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်း (အ-မ-က) ရွှေကင်းကျောင်းရှိ ကျောင်းသား/ကျောင်းသူများကို စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပေးခဲ့ကြောင်းသိရှိရပါသည်။
