သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
08 Aug 2023

    စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် စားသုံးသူပြည်သူများအနေဖြင့်  ကုန်စည်နှင့်ဝန်ဆောင်မှုများဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်စေရန်အတွက် မိတ်ဖက်ဌာနများဖြစ်ကြသည့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ပေါင်းတည်မြို့ပေါ်ရှိ စားသောက်ကုန် ကုန်စုံဆိုင်နှင့်စတိုးဆိုင်များသို့ (၂၅-၇-၂၀၂၃) ရက်နေ့၌ ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

08 Aug 2023

   ပဲခူးတိုင်းဒေသကြီး၊ ညောင်းလေးပင်ခရိုင်၊ ညောင်းလေးပင်မြို့တွင် (၂၄-၇-၀၂၃) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာ ဦးစီးဌာနတို့ပူးပေါင်း၍ ညောင်လေးပင်မြို့၊ အ-လ-က (ခွဲ) ဖအောင်ဝဲကျေးရွာကျောင်းသို့သွားရောက်၍ ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

08 Aug 2023

    ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဦးစီးမှူးရုံးတွင် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ(၂၈) ရက်နေ့၊ နံနက်ပိုင်းတွင်  ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲ(ဒါဘာ)အစည်းအဝေးပြုလုပ်ရာ တိုင်းဦးစီးမှူးဦးစိုးအောင်က အဖွင့်အမှာစကားပြောကြား၍ ဌာနခွဲအလိုက်လုပ်ငန်းဆောင်ရွက်မှုနှင့် ပတ်သက်၍ လိုအပ်သည်များကို ပြောကြားခဲ့ပြီး ဒုတိုင်းဦးစီးမှူး ဦးစိုးဦးမှလည်း ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ရာတွင် အားသာချက်၊အားနည်းချက်များ စည်းကမ်းပိုင်းဆိုင်ရာ ကိစ္စရပ်များ၊ ရုံးတွင်းရုံးပြင် သန့်ရှင်းရေးကိစ္စရပ်များ ၊

08 Aug 2023

    ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၏လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် လျှပ်စစ်ဓာတ်အားလုံလောက်စွာရရှိစေရန်အတွက် ပဲခူးတိုင်းဒေသကြီးအတွင်း စပါးခွံဓာတ်ငွေ့ ပိုမိုတိုးတက်စွာသုံးစွဲနိုင်ရေး ပဲခူးတိုင်းဒေသကြီးအနောက် သာယာဝတီ၊ ပြည်၊ နတ်တလင်းခရိုင်များသို့ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနနှင့် တိုင်းဒေသကြီးလျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဌာနတို့ပူးပေါင်း၍ (၂၀-၇-၂၀၂၃) ရက်နေ့နှင

08 Aug 2023

   ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဦးစီးမှူးရုံးတွင် ဝန်ထမ်းများ အထက်အောက် အပြန်အလှန်လေးစားမှုရရှိစေရေး လုပ်ငန်းခွင်အတွင်း ပျော်ရွှင်စွာ လုပ်ကိုင်နိုင်ရန်နှင့် ဝန်ထမ်းအချင်းချင်းချစ်ခင်ရင်းနှီးစွာ ရုံးလုပ်ငန်းဆောင်ရွက်ရာတွင် မိသားစုစိတ်ဓာတ်ဖြင့် တစ်ဦးနှင့်တစ်ဦး ကူညီဖေးမစွာဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ တိုင်းဒေသကြီးဦးစီးမှူးဦးစိုးအောင် ၊ ဒုတိုင်းဦးစီးမှူး ဦးစိုးဦးနှင့် ဝန်ထမ်းများသည် ၂၀၂၃ခုနှစ်၊ဇူလိုင်လ (၂၈) ရက်နေ့၊ နေ့လယ်စာကို တိုင်းဦးစီးမှူးရုံးတွင် ဝန်ထမ်းမ

Pages