သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးအနေဖြင့် ဌာန၏လုပ်ဆောင်ချက်များဖြစ်သော စားသုံးသူကာကွယ်ရေးနှင့် ပြည်တွင်းကုန်သွယ်မှုသတင်းများကို ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဌာနခွဲအလိုက် ဝန်ထမ်းများက အသီးသီးရေးသားပေးပို့လျက်ရှိရာ သတင်းပါဝင်ဝင်မှုအရည်အသွေးနှင့် အရေအတွက်တိုးတက်စေရေး သတင်းရေးသားပါဝင်မှုတိုင်းအတွက် သတင်းတို ၁ပုဒ်လျှင် ၅၀၀ကျပ်၊ သတင်းလတ် ၁ပုဒ်လျှင် ၁၀၀ ကျပ်၊ သတင်းရှည် ၁ပုဒ်လျှင် ၂၀၀၀ကျပ်၊ ဆောင်းပါး ၁ပုဒ်လျှင် ၅၀၀၀ကျပ်နှုန်းဖြင့် သတင်းရေးသားမှုတွင်ပါဝင်သော ာဝန်ထမ်

(၂၈-၇-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ကရင်ပြည်နယ်ဦးစီးမှူး ဦးသန်းဦးဦးဆောင်၍ ပြည်နယ်/ခရိုင်များမှ ဝန်ထမ်းများနှင့် လစဉ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ကြောင်းနှင့် ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ) ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်၊၊

စားသုံးသူရေးရာဦးစီးဌာန၊ ဘားအံခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၂-၈-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဘားအံမြို့၊ အမှတ် ၇ရပ်ကွက်၊ အောင်နန်းရှိ အခြေခံပညာမူလတန်းကျောင်း (အ-မ-က) (၁၈)၊ အစည်းအဝေးခန်းမ၌ ကျောင်းသူ/ကျောင်းသားများကို စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာများဟောပြောခဲ့ကြောင်းသိရသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ကရင်ပြည်နယ်အစိုးရအဖွဲ့တို့ ကြီးမှူးကျင်းပသော ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) (၁-၈-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ကရင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးရှိ ဝန်ထမ်း များသည် ကရင်ပြည်နယ်၊ ဘားအံမြို့၊ သေဋ္ဌမာရ်အောင်ဘုရားကြီးဝန်းအတွင်း၌ ( ၂၄ ) ကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်းသိရသည်။

ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အနေဖြင့် ဆေးဆိုင်များတွင် သတ်မှတ်အရည်အသွေးနှင့် သတ်မှတ်ဈေးနှုန်းအတိုင်းရောင်းချမှုရှိ/မရှိ၊ တရားမဝင်ဆေးဝါးများနှင့် လိုင်စင်စည်းကမ်းနှင့်အညီ ရောင်းချမှုရှိ/မရှိတို့ကို (၃၁.၇.၂၀၂၃)ရက်နေ့၊ နံနက်ပိုင်းတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
