
စားသုံးသူရေးရာဦးစီးဌာန၊ဇလွန်မြို့နယ်တာဝန်ခံသည်(၁၂.၈.၂၀၂၅)ရက်နေ့ နံနက်(၁၁:၀၀) အချိန်တွင် ဇလွန်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် လျောက်ထားခြင်းနှင့် ပတ်သတ်၍ သိကောင်းစရာများ အသိပညာပေး Talk Show အစီအစဉ်ကို ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါအစီအစဉ်တွင် မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက အွန်လိုင်းမှတစ်ဆင့်ဝယ်ယူခြင်းနှင့် စပ်လျဉ်း၍သိကောင်းစရာများအကြောင်းမှ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းသည် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကိုဖြစ်စေ အွန်လိုင်းစနစ်မှတစ်ဆင့်ဝန်ဆောင်မှုရောင်းချသည့် လုပ်ငန်းဖြစ် ကြောင်း၊ အွန်လိုင်းမှတစ်ဆင့် ဝယ်ယူခြင်းတွင် အားသာချက်နှင့်အားနည်းချက်ဟူ၍ ယှဉ်တွဲဖော်ပြ ထားပြီး၊ အားသာချက်မှာအွန်လိုင်းစနစ်ဖြင့်ဈေးဝယ်ရာတွင်ကိုယ်တိုင်သွားရောက်ဝယ်ယူရန်မလိုဘဲ အင်တာနက်ရရှိသည့် မည်သည့်နေရာမှမဆို အချိန်မရွေးဝယ်ယူနိုင်ခြင်း၊ မိမိလိုအပ်ချက်နှင့် ကိုက်ညီ သည့် ကုန်စည်ကို အွန်လိုင်းဆိုင်များမှ ပိုမိုရွေးချယ်နိုင်ခြင်း၊ ဈေးနှုန်းသုံးသပ်နိုင်ခြင်း၊ အခြားဝယ်ယူ သူများ၏ သုံးသပ်ချက်များ၊ သတ်မှတ်ချက်များအားဝင်ရောက်ကြည့်ရှု၍ ဝယ်ယူရာတွင် အထောက် အကူဖြစ်စေခြင်း၊ အချိန်ကုန်သက်သာစေခြင်း၊ အိမ်/ကားဂိတ် အရောက်ပို့ဆောင်သည့် စနစ်ပါရှိခြင်း ကြောင့် အချိန်မကုန် စေဘဲ အလွယ်တကူဝယ်ယူ ရရှိနိုင်ကြောင်းရှင်းလင်းဆွေးနွေးခဲ့ပါသည်။ အွန်လိုင်းဈေးဝယ်ယူခြင်း၏အားနည်းချက်အနေဖြင့်ပို့ဆောင်သည့် စနစ်ပါဝင်ခြင်းကြောင့် အပိုကုန် ကျစရိတ်ရှိခြင်း၊ အချိန်လိုအပ် ချက်ရှိခြင်း၊ အစားထိုးလဲလှယ်မှုများ၏ လုပ်ငန်းစဉ်ရှုပ်ထွေးမှုရှိနိုင် ခြင်း၊ ကုန်စည်(သို့) ဝန်ဆောင်မှုဆိုင်ရာ အချက်အလက်များ လိမ်လည် ဖော်ပြခြင်း၊ ငွေပေးချေမှု ဆိုင်ရာအချက်များချိုးဖောက်ခံရနိုင်ခြင်း၊ တရားမဝင်သောအွန်လိုင်းများမှလိမ်လည်မှုခံရနိုင်ကြောင်း၊ အွန်လိုင်းမှတ်ပုံတင်လက်မှတ်လျှောက်ထားရာတွင် ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် လျှောက်လွှာ ပုံစံ၊ မှတ်ပုံတင်လက်မှတ်ပုံစံ၊ မှတ်ပုံတင်ကြေး နှင့် အွန်လိုင်းဝန်ဆောင်ခတို့ကို သတ်မှတ်ထားပြီး၊ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို အွန်လိုင်းမှတ်ပုံတင်လက်မှတ်မရှိဘဲ အွန်လိုင်းစနစ်ဖြင့် ရောင်း ချခြင်းလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၅ အရ အရေးယူခံရမည်ဖြစ်ကြောင်း၊ စသည်တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
(DOCA ဧရာဝတီ)