သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ခရိုင်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးမင်းဇော်၊ အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်တို့နှင့်အတူ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် အုတ်တွင်းမြို့နယ် ဥယျာဉ်တော်ကျေးရွာအုပ်စုနှင့် ကျောင်းရှစ်ဆယ်ကျေးရွာအုပ်စုရှိ ဆန်စက်ကြီးများသို့ သွားရောက်၍ ဆန်စက်ပိုင်ရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးအနေဖြင့် တောင်ငူခရိုင်အတွင်း ရောင်းချနေသော ကုန်စည်များ၌ ကုန်အညွှန်းအမှတ်အသားများအား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)တို့နှင့်အညီ ကုန်စည်များ၌ ကုန်အညွှန်းအမှတ်အသားများဖော်ပြထားခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်ပုံမှန်ဆောင်ရွက်လျက်ရှိပါသည်။

ပဲခူးတိုင်းဒေသကြီး ၊ တောင်ငူခရိုင်သည် စပါးစိုက်ဧက ၄၅၀၀၀၀ ကျော်ရှိပါသည်။ အချို့ လယ်မြေများတွင် မိုးစပါးသာမက နွေစပါးပါစိုက်ပျိုးနိုင်ပါသည်။ မိုးစပါးရိတ်သိမ်းသည့် အချိန် ကာလဖြစ်သည့် အောက်တိုဘာ၊ နိုဝင်ဘာလများသည်လည်းကောင်း၊ နွေစပါးစိုက်ပျိုးသည့် ဧပြီ၊ မေ လများသည်လည်းကောင်း အချိန်အခါမဟုတ် မိုးရွာသွန်းတတ်သည့် အချိန်ဖြစ်ပါသဖြင့် ရိတ်သိမ်း ထားသောစပါးများ ရေစိုမိုးမိဖြစ်တတ်ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တာဝန်ခံ စစ်ဆေးရေးအရာရှိ ဦးမြင့်သူဦးဆောင်သော ဝန်ထမ်းများသည် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် တောင်ငူမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခိုင်ထွန်း၊ တောင်ငူခရိုင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ အကြီးတန်းစာရေး ဦးကျော်လင်းထွန်းတို့နှင့်အတူ တောင်ငူမြို့ပေါ်ရှိ အသင့်သောက် အချိုရည်ရောင်းချသည့် ကုန်စုံဆိုင်ကြီးများသို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဦးမင်းဇော်၊ အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်နှင့် ဝန်ထမ်းများနှင့် အတူ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် အုတ်တွင်းမြို့ရှိ ကုန်စုံဆိုင်ကြီးများ၌ ရောင်းချနေသော အသင့်သောက်အချိုရည်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
